PHOENIX
___________
ဇာမဏီကကြိုး
___________
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ဒီ ပုံပြင်လေးက ကောင်လေးတစ်ယောက်ရဲ့ အကြောင်း ပါ… ။
သူ ဆုံးဖြတ်ခွင့်မရှိတဲ့ အခြေအနေတစ်ခုမှာ လူတယောက်ကို သူ ချစ်မိခဲ့တယ်… ။ အချစ်ဦး အချစ်ဆုံး ဖြစ်တဲ့ ဒီလူအပေါ်ကို သူ တဘဝတာလုံး ပုံအပ်ခဲ့တယ်…။သူဟာ ဒီလူကို ချစ်ပေးခဲ့တယ်… ။ ဒီလူ့အလိုကျ နေပေးတယ်… ။ ထားရာ နေ စေရာသွားတဲ့ လူသားအရုပ်ကလေးအဖြစ် နေပေးတယ်… ။ ဒါပေမယ့် သူလိုချင်တဲ့ ကြင်နာမှုတွေ ဂရုစိုက်မှုတွေကို ဒီလူ မပေးနိုင်ခဲ့ပါဘူး… ။
သူ မတောင်းခံပါဘဲ ရောက်လာခဲ့တဲ့ ကလေးတွေကို သူ လက်ခံပေးတယ်…။ တာဝန် လို့သဘောမထားဘဲ မေတ္တာအပြည့်နဲ့ စောင့်ရှောက်ပေးတယ်… ။ ကလေးတွေရှိလာတဲ့အထိ သူ ဒီလူ့ဆီက ကြင်နာမှုကို မျှော်နေတုန်းပဲ… ။ ဒါပေမယ့် သူ့စိတ်ရဲ့ တခြမ်းကတော့ ဒီလူ့ဆီမှာ နေ မပျော်တော့ဘူး… ။
အန္တရာယ်ကြုံလာတဲ့အခါ သူ သူ့ကိုယ်သူ ကာကွယ်ခဲ့ရတယ်… ။ ကလေးတွေရှေ့က မားမားရပ်တည်တယ်… ။ ဒီလူ ဆီက ထွက်ပြေးပြီး ကိုယ့်ဘဝကိုယ် ကျောင်းတယ်… ။ ဒါတောင် ဒီလူ့ဆီက ကြင်နာမှုကို သူ မျှော်လင့်နေတုန်းပဲ…။
တကယ်တမ်း ဒီလူ ရောက်လာတဲ့ အခါမှာ သူလိုအပ်နေတဲ့အဖြေကို ရှာတွေ့သွားတယ်… ။ သူလိုနေတာ ဒီလူ့ဆီက ကြင်နာမှုမဟုတ်ဘူး… မကြင်နာနိုင်တဲ့ ဒီလူ့ကို ပေးရမယ့် ခွင့်လွှတ်မှု… ။ သူ ဒီလူကို ခွင့်လွတ်လိုက်တယ် … ။ ဒီအတွက် သူလည်း အေးချမ်းစွာနဲ့ လွတ်မြောက်သွားတယ်… ။
ဒီလူ့ဆီက အကြင်နာတွေကို သူ ထပ်ပြီး မမျှော်လင့်တော့သလို ပေးလာမယ့် အကြင်နာတွေကိုလည်း ရူးရူးမိုက်မိုက် မတုံ့ပြန်တော့ဘူး… ။
YOU ARE READING
PHOENIX |[ completed ]|
Short StoryLove is Burning ... Like a P H O E N I X a chanbaek BL fanfiction
![PHOENIX |[ completed ]|](https://img.wattpad.com/cover/219095914-64-k916322.jpg)