.U.
အပိုင်း(၂၂)
ဆောင်းဝင်စမ်ို့ ညနေခင်းမှာတောင် နေရောင်အတော်ပြင်းတယ် ။
ဆမ်တိုခါကနေ စထွက်လာတုန်းက နေ့လည် ၁နာရီလောက်ဖြစ်မယ် လို့ ငါတွေးမိတယ်။ ချွေးနံ့တွေနဲ့ မွန်းကြပ်နေတဲ့ ဘတ်စ်ကားလေးပေါ်ကနေ ငါတို့ ဆင်းလာခဲ့တဲ့ အချိန်က ညနေ ၃နာရီရှိနေပြီ ။
ပါရိုမြို့က အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိတဲ့မြို့မို့ မြို့တော်သင်ဖူးထက် ပိုပြီးခေတ်ဆန်တယ်။ ပွဲနေ့မို့ နိုင်ငံခြားသားဧည့်သည်တွေကို နေရာတကာမှာတွေ့ရတယ် ။ ဘတ်စ်ကား မှတ်တိုင်ကနေ သုံးဘီးကားလေးငှားတယ်။ တော်တော်လေး ကြီးကျယ်တယ် လို့ပြောလို့ရတဲ့ အထည်ဆိုင်တစ်ခုရှေ့မှာ ငါတို့ ဆင်းလိုက်တယ်။
အဆင်အမျိုးမျိုး ဒီဇိုင်းအမျိုးမျိုး နဲ့ ယက်လုပ်ထားတဲ့ ချည်ထည်တွေကိုဆိုင်အပြည့်ချပြထားတယ်။အရောင်းစာရေးမလေးနှစ်ယောက်ကနိုင်ငံခြားဈေးဝယ်သူတွေကိုအင်္ဂလိပ်ဘာသာနဲ့ ကျင်ကျင်လည်လည်ပြောဆိုရင်း ဈေးရောင်းနေတယ် ။"အာ့အူ …… မော လာတယ်…… အာ့မာလည်းပါတယ်… "
အာ့မာ့ကဆိုင်နောက်ခန်းထဲကို ရှေ့ဆုံးကဝင်သွားတယ် ။ ချိတ်ထားတဲ့ ယက်ကန်းထည်တွေက်ို တမေ့တမောငေးနေတဲ့ ငါ့ကို အန့်ဂယ်က ဆိုင်ထဲဆွဲခေါ်လာတယ် ။
" ဒါ မင်းတို့အာ့မာရဲ့အိမ်လေ… ဘာမှ မကြောက်နဲ့… "
ငါ ကြောင်အအနဲ့ ခေါင်းလေးငြိမ့်ပြရင်း အန့်ဂယ်ရဲ့ နောက်ကလိုက်လာတယ် ။ ဆိုင်ရဲ့ အနောက်ခန်းထဲမှာ အာ့မာထက် အသက်ကြီးပုံပေါ်တဲ့ အမျိုးသမီးတစ်စု ရှိနေတယ် ။အားလုံးက အန့်ဂယ်ကို တရိုတသေနှုတ်ဆက်ကြတယ်။
အာ့မာက မိတ်ဆက်ပေးတယ် ။ သူမတို့က အာ့မာရဲ့ ဝမ်းကွဲအစ်မတွေနဲ့ ညီမတွေ ဖြစ်တယ်တဲ့ ။"မင်္ဂလာပါ… လူစီဟောမ် ပါ…… "
ခေါင်းကို ငုံ့… ကိုယ်ကိုညွှတ်ကိုင်းပြီး နှုတ်ဆက်တဲ့ ငါ့ကို သူမ တို့တစ်စုက သဘောတကျ ကြိုဆိုကြတယ်။ cross-dress လုပ်ထားတဲ့ ယောက်ျားလေး ဆိုတာကို သိတာတောင် သူမတို့က အံ့သြဟန်မပြဘဲ ငါ့ကို ချီးကျူးနေကြသေးတာ … ။
![](https://img.wattpad.com/cover/219095914-288-k916322.jpg)
YOU ARE READING
PHOENIX |[ completed ]|
Historia CortaLove is Burning ... Like a P H O E N I X a chanbaek BL fanfiction