four (unicode )

2.7K 270 1
                                        

  Love is burning …
Like a …
PHOENIX…
_____________

ငါ့အတိတ်က ရှုပ်ထွေးလွန်းခဲ့တယ်… ။

အတိတ် ကနေ ငါ ရုန်းထွက်လိုက်တယ်… ။  ဒါ ငါ့အတွက် အခွင့်အရေးပဲ… ။ရှုပ်ထွေးနေတဲ့ အခြေအနေကြားမှာ ငါ သားနှစ်ယောက်ကို လက်ဆွဲ… သမီးကို ချော့မြူ ရင်း ပြေးခဲ့တယ်… ။

ပြာကျစပြုနေတဲ့ ငါတို့အိမ်ဟာ မြို့ကြီးထဲကအခြား အိမ်တွေနဲ့ အတော်ဝေးလံတဲ့ နေရာမှာ တည်ရှိ တယ်… ။ ငါ့ခင်ပွန်း ရဲ့ စီးပွားရေးဟာ သိပ်ကို လူမုန်းများတယ် မဟုတ်လား… ။ ငါတို့ သီးသန့်နေဖို့ လိုအပ်တာပေါ့… ။ သီးသန့်နေတာတောင် အခုလို ဖြစ်လာသေးတာပဲ… ။

ငါတို့အိပ်ခန်း ဝရံတာက လှမ်းကြည့်လိုက်ရင် ကွေ့ကောက်တဲ့ လမ်းပေါ်က ဖြတ်သွားတဲ့ ကုန်ကားတွေကိုငါ မြင်နိုင်တယ်… ။ ငါ အမြဲစိတ်ကူးယဉ်ခဲ့တဲ့ အလုပ်တစ်ခုကို ငါ တကယ်လုပ်မိခဲ့တယ် ဆိုတာ ငါ မယုံနိုင်သေးဘူး… ။

ကားလမ်းရှိရာကို ငါ ပြေးတယ်… ။ ကုန်ကားတစ်စီးကို တားလိုက်တယ်… ။ ငါ ကံကောင်းတယ်  လို့ ဆိုရမယ်… ။ သဘောကောင်းဟန်တူတဲ့ ကုန်ကားသမားဟာ ငါ့ပုံစံကို ကြည့်ပြီး အလန့် တကြားရပ်ပေးလာတယ်… ။

"ဘာဖြစ်လာတာလဲ… အဆင်ပြေရဲ့လား… "

ငါ ခေါင်းပဲ ငြိမ့်ပြလိုက်ပြီး ကားပေါ်တက်လိုက် တယ်… ။ အခု ကုန်ကားတွေက ဆိပ်ကမ်းကို သွားမှာ ဆိုတာ ငါသိတယ်…။ ကားကတ်ဆက် က နာရီကို ငါလှမ်းကြည့်လိုက်တယ်… ။ ည ၇နာရီ ……။ ငါ့စိတ်ထဲမှာ အမြဲအစီအစဉ်ချနေ ကျ အတိုင်းပဲ ငါ ပြန်စီစဉ်တယ်… ။

ဒီမြို့ကခွာမယ့် သင်္ဘောက ၇နာရီ ၄၅မိနစ်မှာ ထွက်လိမ့်မယ်…။ ဆိပ်ကမ်းကို ၇နာရီ ၂၅မိနစ်မှာ ရောက်လိမ့်မယ်… ။ လက်မှတ်ဝယ်ပြီးတာနဲ့ ဆိပ်ကမ်းမှာရှိတဲ့ စတိုးဆိုင်က စားစရာ နည်းနည်းဝယ်ရမယ်… ။

ဒီမြို့ကနေ တည သင်္ဘောစီးရမယ်… ။ပထမဆုံး ဆိပ်ကမ်းကပ်ချိန်မှာ ရောက်မယ့်မြို့က မြို့ငယ်လေးတစ်ခု… ။ အဲ့ဒီမှာ လိုအပ်တာတွေကို ငါဝယ်ရမယ်…။ ရွှေချောင်းတစ်ခုကို ဘယ်နေရာမှာ ငွေနဲ့ မြန်မြန် လဲနိုင်မယ် ဆိုတာ ငါသိတယ်။ အရင်တုန်းက မတွေးခဲ့ဖူးတဲ့ တချို့အရာတွေကို ငါ ထည့်တွက်လိုက်တယ်…။ ငါ့ကလေးတွေအတွက် … ။ စားစရာပိုဝယ်ရမယ်… ။ ငါ့သားတွေက အစားမရွေးဘူး …။ငါ့သမီးအတွက် ဒိုင်ပါ နည်းနည်းတော့ ရနိုင်မယ် ထင်တယ်… ။ ငါ့ကျောပိုးအိတ်ထဲမှာ နို့မှုန့်ထုတ်လေးနဲ့ နို့ဘူးလေး ထည့်ခဲ့မိလို့တော်သေးတယ်… ။ သုံးရက်စာတော့ အနည်းဆုံးလောက်မယ်… ပြီးတော့…… ။

PHOENIX |[ completed ]|Where stories live. Discover now