Love is burning …
Like a …
PHOENIX…
_____________ငါ အိမ်မက်ရှည်ကြီးတစ်ခုကို မက်တယ်… ။ အိမ်မက်ထဲမှာ သူ ငါ့ကို သိပ်ချစ်တာ တဲ့… ။ ငါ့ကို ညင်ညင်သာသာလေးပွေ့ဖက်ပြီး ငါ့ဆန္ဒတွေ ကို မေးနေခဲ့တာ တဲ့… ။
"မင်း ဘာလုပ်လိုက်တာလဲ လို့ ငါမင်းကို မေး နေ တယ်……"
အခန်းပြင်ကမစ္စတာပတ်ရဲ့ ဒေါသတကြီးအော်သံမှာ ငါ နိုး လာတယ်… ။ ဘယ်ဘက်ကျောပြင်တစ်ခြမ်းလုံးက မီးလောင်ထားသလိုပဲ စူးစူးဝါးဝါးနာကျင်နေ တယ်… ။
"ကျနော်ပိုင်တဲ့အရာကို ကျနော်ပိုင်ကြောင်းပြလိုက်တာလေ……"
သူ ဟက်ကနဲ တချက်ရယ်တယ်……။ သူ့ရယ်သံနောက်မှာ ငါ သိလိုက်တယ်… ။ အိမ်မက် ဆိုတာ တကယ်ဖြစ်မလာတဲ့ အရာ……။
ငါ အနာရှိန်နဲ့ တပတ်တိတိဖျားတယ်…။ ငါ သက်သာစပြုလာတဲ့ရက်မှာ သူ ငါ့လက်ကို ဆွဲပြီး မစ္စတာပတ်ရှေ့ ခေါ်လာတယ်…။ ငါ့ကို မစ္စတာပတ် စိုက်ကြည့်နေမယ် ဆိုတာ ငါသိတယ်…။ ငါ ပြန်မကြည့်ဝံ့ပါဘူး……။ ကျေးဇူးရှင်ကို ကျေးဇူးကန်းခဲ့မိတယ် လို့ ငါ ခံစားရတယ်… ။
"အဖေဖြစ်စေချင်တဲ့အတိုင်း တယ်ရိုမြို့ က ဈေး ကွက်ကို ကျနော်ပိုင်စေရမယ်… အလဲအလှယ်အနေနဲ့ ကျနော် ဘတ်ဟျွန်းနီ ကို လက်ထပ်မယ်… "
သြော်… လို့ ငါ ခပ်တိုးတိုးရေရွတ်လိုက်တယ် ။ သူ ငါ့ကိုချစ်တယ် ဆိုတာ ငါသိတယ်…။ ငါမသိ တာ ငါ ဘယ်တုန်းက လဲလှယ်ရတဲ့ ကုန်ပစ္စည်းတစ်ခုအဖြစ် ပြောင်းသွားရပြန်တာလဲ… ။
ငါ သူ့မျက်နှာကို မော့ကြည့်လိုက်တယ်… ။ သူ နည်းနည်းတော့ ပေါ့ပါးနေသလိုပဲ… ။ လိုချင်တာ ရသွားတဲ့ ကလေးတယောက်လိုမျိုး သူ ငါ့ကို ပြုံးပြလာတယ်… ။ ငါ ခေါင်းကိုငုံ့ပြီး မျက်လွှာချထား လိုက်တယ်… ။ ငါ့မှာ သူ့ကို ပြန်ပြုံးပြဖို့အားအင် ရှိမနေတော့ဘူး… ။
"ကိုကို Baeအတွက် Supriseပြင်ထားတယ်… "
မစ္စတာပတ်ရဲ့ အခန်းထဲက ထွက်လာတဲ့အခါ သူ ငါ့ကို ဆွဲခေါ်သွားတယ်…။
"ကိုကိုတို့ မင်္ဂလာပွဲအတွက်မို့ Bae ကြိုက်တာ ရွေးဖို့ … "
YOU ARE READING
PHOENIX |[ completed ]|
Cerita PendekLove is Burning ... Like a P H O E N I X a chanbaek BL fanfiction