.U.
အပိုင်း(၂၀)
အရာရာတိုင်းမှာ အားသာချက်နဲ့ အားနည်းချက် ဆိုပြီး နှစ်ဖက်ရှိတတ်တယ် ။ ငါတို့လုပ်ရမှာက အဲ့ဒီနှစ်ဖက်လုံးကို မျှ ကြည့်ပေးဖို့ပဲ… ။
ဘူတန်နိုင်ငံဟာ ဧရိယာကျဉ်းမြောင်းတဲ့ ကုန်းတွင်းပိုင်း နိုင်ငံငယ်လေး ဖြစ်တယ် ။ အင်အားကြီးနိုင်ငံတွေရဲ့ ကိုလိုနီပြု နယ်ချဲ့ခြင်းကိုလည်းမကြုံတွေ့ခဲ့ရဘူး ။ နယ်ချဲ့ခြင်း မခံခဲ့ရတဲ့ဘူတန်ရဲ့ အားသာချက်က ဘာသာအယူဝါဒတွေ နဲ့ ယဉ်ကျေးမှုတွေကို ရှေးမူမပျက် ထိန်းသိမ်းလာနိုင်တယ် ။
အားနည်းချက်ကတော့ ပညာရေးနိမ့်ကျတာပါပဲ ။ နယ်ချဲ့ခြင်းကို ခံခဲ့ရတဲ့ အခြား အာရှနိုင်ငံတွေ… ဥပမာအားဖြင့် မြန်မာနိုင်ငံ ဆိုရင် ပညာရေးသိပ်ကောင်းခဲ့တယ် ။
ကျွန်ပညာရေး ဆိုတဲ့ အားနည်းချက်ကို ခဏဘေးဖယ်ထားပြီး ကြည့်လိုက်ကြရအောင် ။ ၁၈၇၈မှာ ဆိုရင်ပဲ ရန်ကုန် တက္ကသိုလ်ဟာ *Rangoon Collage*အမည် နဲ့ စတင်ဖွင့်လှစ်နေပြီ ။ ၁၉၂၀အစောပိုင်းမှာ *Universtiy Collage* အမည်နဲ့ နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်တစ်ခု ဖြစ်နေပြီ။ အဓိကပညာရပ်ကြီး သုံးခုဖြစ်တဲ့ အနုပညာ…သိပ္ပံ နဲ့ ဥပဒေပညာတွေကို သင်ကြားနိုင်ပြီ ။
ဒါတောင် ရန်ကုန်တက္ကသိုလ် ပဲ ရှိသေးတာ… ။ ၁၉၅၀ ဆိုတဲ့အချိန်ဟာ မြန်မာနိုင်ငံမှာ မန္တလေးတက္ကသိုလ်တောင် ဖွင့်လှစ်ပြီးခဲ့တာကြာပြီ ဖြစ်ပေမယ့် ဘူတန်နိုင်ငံမှာတော့ သင်ဖူး လိုမြို့တော်ကြီးမှာတောင် ပွဲကျောင်း ခေါ်တဲ့ဘုန်းကြီးကျောင်းပညာရေးသာ ရှိနေသေးတယ် ။ပထမဆုံး မူလတန်းကျောင်းကို သင်ဖူးမှာ စတင်ဖွင့်လှစ်ခဲ့တယ်။ အလယ်တန်းပညာကို ဆက်သင်ကြားချင်သူတွေဟာ အိန္ဒိယနိုင်ငံကိုသွား ကြရတာမို့ ပညာသင်ကြားသူ မရှိသလောက် နည်းပါးတယ် ။
၁၉၆၁မှာ အလယ်တန်းပညာရေးက ဘူတန်ကို ရောက်ပြီ။ အိန္ဒိယနိုင်ငံရဲ့ ပညာရေးစနစ်ကို ကျင့်သုံးတာမို့ ဂျူ နီယာအထက်တန်း နဲ့ စီနီယာအထက်တန်း ဆိုပြီး ခွဲခြားသင်တယ် ။ ၁၉၈၁မှာ ဂျူ နီယာအထက်တန်းကျောင်း ၂၁ကျောင်း နဲ့ စီနီယာအထက်တန်းကျောင်း ၉ကျောင်း ရှိနေပြီ။ ဒါပေမယ့် ကျောင်းသားအရေအတွက်ကတော့ ငါးရာတောင် မပြည့် ။
၁၉၉၀မှာ ADB ဘဏ်(Asian Developmemt Bank)က ဘူတန်အစိုးရကို အမေရိကန်ဒေါ်လာ ၇.၁၃သန်း လှူ ဒါန်းလိုက်တယ်။ သင်ဖူးမြို့မှာ အနုပညာ… သိပ္ပံ နဲ့ စီးပွားရေးတွေ ပါဝင်တဲ့ ဂျူနီယာ ကောလိပ်လေး ဖွင့်နိုင်ခဲ့တယ် ။ ငါ့သားတွေ တက်ရောက်နေတဲ့……အခု ငါ အလုပ်လုပ်တဲ့ ယာန်ချမ်းပါ့ဂ် (Yanchenphug) အထက်တန်းကျောင်းနဲ့ တွဲဖက်ပြီးတော့ပေါ့… ။
Junior Collage ဂျူ နီယာကောလိပ် ဆိုတာ certificate ဂုဏ်ပြုမှတ်တမ်းလောက်သာ ပေးတာဖြစ်ပြီး ရည်ရွယ်ချက်ကတော့ အခြားကောလိပ်တွေ တက္ကသိုလ်တွေကို မိတ်ဆက်ပေးတဲ့ သဘောပဲ ။ ဝါသနာပါရာ နှစ်သက်ရာကို လွတ်လပ်စွာ ရွေုးခယ်ခွင့် ရှိသွားကြတာပေါ့… ။

YOU ARE READING
PHOENIX |[ completed ]|
Cerita PendekLove is Burning ... Like a P H O E N I X a chanbaek BL fanfiction