Love is burning …
Like a …
PHOENIX…
____________"အဲ့ အဲ့ ဝါးးးး………" "ဝါးးးးးး…………"
စူးစူးဝါးဝါးအော်ငိုသံလေးတွေကြောင့် ငါ နိုးလာ တယ်… ။ ငါ့ကို ပွေ့ဖက်ထားတဲ့ လက်တွေထဲက ငါ အသာလေး ရုန်းထွက်လိုက်တယ်… ။ ငိုသံစူးစူးတွေကြောင့် ငါ့ခင်ပွန်း သူလည်း နိုးသွားဟန်တူပါရဲ့… ။
"ကျစ်…… အနှောင့်အယှက်ပဲ…… "
ပလုံးပထွေးပြောကာ ထထိုင်လိုက်တဲ့ သူ့ကို ငါ မနှစ်သိမ့်အား… ။ တယောက်ငိုရင် တယောက် လိုက်ငိုတတ်တဲ့ အမွှာလေးတွေကို ငါ့ပခုံးတဖက်ဆီမှာ တင်ပြီး ချော့မြူ နေမိတယ်… ။ ငါ့ရင်ငွေ့ကို ရလိုက်လို့ ထင်ရဲ့… ။ သူတို့ ခဏလေးအတွင်းမှာ ပြန်အိပ်ပျော်သွားကြတယ်…။ စောင်လေးတွေနဲ့ သေချာထွေးပတ်ပေးရင်း ငါ ပြုံး မိတယ်… ။ အမွှာလေးဟာ သူနဲ့ တပုံစံတည်း တူ ကြတာပါပဲလား… ။
"Bae……ကိုယ်အိပ်ချင်နေပြီ…… "
ကုတင်ပေါ်မှာထိုင်စောင့်နေတဲ့ သူ့အနားကိုငါ သွားလိုက်တယ်… ။ သူလည်း ခဏလေးအတွင်းမှာ ပြန်အိပ်ပျော်သွားတော့တာပါပဲ… ။
တနှစ် ဆိုတဲ့အချိန်အတွင်းမှာ ငါ တတ်မြောက်ခဲ့တာတွေ များတယ်… ။ အနှီးဘယ်လိုထုပ်ရမလဲ… ဒိုင်ပါဘယ်လိုလဲရမလဲ… နုညံ့တဲ့ကလေးတွေကို ဘယ်လို ကိုင်တွယ်ရမလဲ…… ။
"ယာ…… ယာ…… "
တုန်တုန်ချိချိ နဲ့ တလှမ်းဆီ လျောက်လာတဲ့ သားငယ်လေးကို ငါ ဝမ်းပမ်းတသာနဲ့ လက်ခုပ် တီးပေးနေမိတယ်… ။ *လာ… * လို့ မပီမသခေါ်ရင်း အားပေးနေတဲ့ သားကြီးက ငါ့ရင်ခွင်ကို ဖက်တွယ်ထားတယ်… ။
" ကိုကို…… ကြည့်ပါဦး…… "
အနားက ဖြတ်လျောက်သွားတဲ့ သူ့ကို ငါ လှမ်း ခေါ်လိုက်တယ်… ။ သူ တချက်တော့ လှည့်ကြည့်သွားပါတယ်…… ။
နွေ… မိုး… ပြီးတော့ ဆောင်း…… ။ ပြီးတော့ နွေကို ပြန်ရောက်လာတယ်… ။ မွေးနေ့ကိတ်ပေါ်က *4* ဆိုတဲ့ ဖယောင်းတိုင်လေးကို သူတို့တွေပြိုင်တူ မှုတ်လိုက်ကြတယ်… ။
"" မေမေရေ!!!! ""
သူတို့ ငါ့ရင်ခွင်ထဲကိုတိုးဝင်လာတယ်… ။ ငါ သူတို့ကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်ပြီး နဖူးပေါ် အနမ်းလေးတွေ ကျဲချလိုက်တယ်… ။ သူတို့ ရယ်သံ တခစ်ခစ်ကို သဘောကျစွာနဲ့ ငါ လိုက်ရယ်မိပါရဲ့……။
"ဒါက ထယ်ယန်း… ဒါက ဆဲဂျီ …… "
ပတ်ထယ်ယန်း… ပတ်ဆဲဂျီ ……။ ဒီနာမည်တွေ ကို သူကိုယ်တိုင်ပေးခဲ့တာပဲ… ။ ငါ့ခင်ပွန်းက ယောင်ယောင်လေး ပြုံးနေတယ်…။ သူ့စိတ်ထဲမှာ ဘာတွေးနေလဲ ဆိုတာ ငါမခန့်မှန်းနိုင်တော့ဘူး… ။
"" ကျေးဇူးတင်ပါတယ် ဖေဖေ…… ""
ကလေးတွေကလည်း သူ့ကို ယောင်ယောင်လေး ပြန်ပြုံးပြကြတယ်… ။ သူ့သားတွေ ပီသစွာပဲ ကလေးတွေဟာ ဘယ်သူ့ရှေ့မှာ ဘယ်လို နေရမယ် သိနေပြီ……။
"ပင်ပန်းသွားကြပြီ…… "
တယောက်ကိုတယောက် ဖက်တွယ်ပြီး အိပ်ပျော်နေတဲ့ အမွှာလေးကို ငါ တစိမ့်စိမ့်ထိုင်ကြည့် နေမိတယ်… ။ ချစ်စရာကောင်းလိုက်ကြတာ…။ ငါ ပြုံးလိုက်မိတယ်… ။ ငါ့လက်ကောက်ဝတ်ကိုဆွဲကိုင်လိုက်တဲ့ လက်ကြမ်းကြမ်းကြောင့် ငါ အင့်ကနဲ ညည်းညူ လိုက်မိတယ်… ။
"ကိုယ့်ကိုကိုယ်လည်း ပြန်ကြည့်ဦး…… နွမ်းဖတ်နေတာပဲ…… "
ငါ့လက်ကို မြောက်ကိုင်ရင်း သူ ပြောလာတယ်…. ။ သူ့မျက်မှောင်က တွန့်ချိုးလို့……။
"သူတို့က မင်းမွေးထားတာ မဟုတ်ဘူး လို့ သိထားဦး … "
ငါ့လက်ကို ပစ်ချပြီး သူ ထွက်သွားတယ်… ။ အဲ့ဒီညက ငါ့အိမ်မက်ထဲမှာ စကားလုံးတွေကသာ ကြီးစိုးနေတယ်…… ။
ဒီကလေးတွေရဲ့အမေက နင်နော်……
ဒီကလေးတွေရဲ့အမေက နင်……
ဒီကလေးတွေရဲ့အမေ……
အမေ…………… ။
"ကိုယ် နောက်အပတ် ပြန်မအိပ်နိုင်ဘူး…… စက်ရုံစစ်ဆေးစရာရှိတယ် …… "
ငါ သူ့နက်ကတိုင်ကို သေချာပြင်ပေးရင်း ခေါင်း ငြိမ့်ပြလိုက်တယ်… ။ သူက ငါ့မျက်နှာကို မော့ယူပြီး ငါ့နှုတ်ခမ်းတွေကို နာကျင်သွားတဲ့အထိ နမ်းလာတယ်……။
"အမွှာတွေကို မင်းမွေးထားတာ မဟုတ်ဘူး… နေတတ်အောင်နေ… "
ငါ့နားထင်လေးကို နမ်းရင်းသူငါ့ကို ပြောသွားတယ်… ။ ငါ့ရင်ဘတ်ကို ငါ ပြန်စမ်းမိတယ်… ။ ဟုတ်ပါရဲ့… ။ ငါ ကလေးမမွေးနိုင်ဘူး ဆိုတာ ငါ မေ့နေခဲ့တာ……။
_________________ToBeContinue

YOU ARE READING
PHOENIX |[ completed ]|
Historia CortaLove is Burning ... Like a P H O E N I X a chanbaek BL fanfiction