Love is burning …
Like a …
PHOENIX…
_____________
၇နှစ်အကြာ… အမိမြေကို ငါ တစ်ကျော့ပြန် ခြေချခဲ့တယ်…။ ၇ရက် ဆိုတဲ့ အချိန်ကာလ ကတောင် အများကြီး ပြောင်းလဲစေသေးတာ… ။ ၇နှစ်ကတော့ ဘာ ပြောကောင်းမလဲ… ။
ပြာပုံထဲက နလန်ထခဲ့တဲ့ ပတ်အိမ်တော်ကြီးဟာ အရင်ထက် ပိုကြီးမားပြီး ပိုတောက်ပြောင်လာတယ်… ။ ငါ့ခင်ပွန်းရဲ့ပတ်အင်ပါယာဟာ တစ်နိုင်ငံလုံး မြေပေါ်မြေအောက် ချုပ်ကိုင်နိုင်ခဲ့ပြီ… ။
မွှေးပျံ့ နွေးထွေးတဲ့ ရေထဲမှာ ငါ့ကိုယ်ခန္ဓာကို နစ်ချလိုက်တယ်… ။ အဲ့ဒီရေတွေထဲမှာ ဘယ်သူတွေရဲ့ သွေးတွေ ချွေးတွေ မျက်ရည်တွေ ပေါလောပေါ်နေမလဲ ဆိုတာ စဉ်းစားမိတော့ ရေချိုးကန်ထဲက ငါ ချက်ခြင်းခုန်ထွက်မိလေရဲ့…။ အသစ်ဖြစ်လာတဲ့အိမ်တော်ကြီးရဲ့ သခင်မဘဝကို ငါ မနှစ်မြို့တော့တာ အမှန်ပဲ… ။
ငါ သူ့အတွက် ညနေစာ ချက်တယ်… ။ ညနေစာစားနေတဲ့ သူ့ကို *နင်ပျော်နေလား …* လို့ ငါ မမေးတော့ဘူး… ။ သူ့မျက်နှာကို တချက်ကြည့်လိုက်တာနဲ့ ငါ သိတယ်… ။ သူလည်း မပျော်ဘူး… ။ မပျော်တဲ့ အလုပ်ကို သူ ဘာလို့လုပ်နေလဲ ဆိုတဲ့ မေးခွန်းကို ငါ မမေးချင်ဘူး… ။ အဲ့အဖြေသူ့မှာ မရှိဘူး ဆိုတာ ငါသိတယ်… ။ *မင်းအတွက်ပါ* လို့ သူ မဖြေဘူး… ။ ဘာလို့ လဲ ဆိုရင် သူ မလိမ်ညာတတ်လို့… ။
"Bae…… "
ပန်းကန်တွေ သိမ်းဆည်းဆေးကျောနေတဲ့ တလျောက် သူ ငါ့ကို တင်းတင်းကျပ်ကျပ်ပွေ့ဖက် ထားတယ်… ။ ငါ့ကို နောက်ထပ် ဘယ်တော့မှ မတွေ့တော့မယ့် ပုံစံနဲ့… ။
ငါ အလိုက်သင့်နေပေးလိုက်တယ်… ။ငါ ပျော်နေခဲ့တုန်းမှာ သူ ဘယ်လောက်တောင် အထီးကျန်လိုက်မလဲ လို့ ပြန်တွေးမိတော့ ငါ့ရင်ထဲမှာ မွန်းကျပ်လာတယ်… ။
"Bae…… "
သူ ငါ့ပခုံးပေါ်မှာ မျက်နှာအပ်လိုက်တယ်…။ အသက်၃၉နှစ်အရွယ် ယောက်ျားကြီးတယောက် ဖြစ်တဲ့သူဟာ အရင်ကထက်ပိုပြီး သန်မာလာသလိုပဲ… ။ ငါ ဆေးကျော သိမ်းဆည်းပြီးတဲ့အခါ ငါ ငြိမ်ငြိမ်လေး ရပ်နေပေးလိုက်တယ်… ။ သူ သဘောရှိ ပွေ့ဖက်ထားနိုင်ဖို့… ။ သူက ငါ့လက်ကို ဆွဲကိုင်လိုက်တယ်… ။ လှေကားထစ်တွေကို ကျော်… လျောက်လမ်းတွေကို နင်းဖြတ်ပြီးတော့ ငါ့ကို တစ်နေရာဆီ ခေါ်သွားတယ်… ။
YOU ARE READING
PHOENIX |[ completed ]|
Short StoryLove is Burning ... Like a P H O E N I X a chanbaek BL fanfiction
![PHOENIX |[ completed ]|](https://img.wattpad.com/cover/219095914-64-k916322.jpg)