nineteen(unicode )

2K 231 10
                                        

Love is burning …
Like a …
PHOENIX…
_____________

ယမကာကအားလုံးက်ို မေ့သွားစေတယ် တဲ့… ။

"ဘာဖြစ်ခဲ့တာလဲကွယ်……"

အားလျော့နေတဲ့ ငါ့ပုံစံကြောင့် အာ့မာ(Ama - Mommy) သို့မဟုတ် ဦးလေးရဲ့ ဇနီး အန်တီက ငါ့ကို မေးလာတယ်… ။ တညနေလုံး ဆော့ကစားပြီးနောက်မှာ ကလေးတွေနဲ့ ဦးလေးက မောမောနဲ့ အိပ်ပျော်ကုန်ကြပြီ… ။

အေးမြမြ ညခင်း… ။ ငါ့ဘေးမှာ မကျက်တကျက် ပြုတ်ထားတဲ့ ကြက်ဥတွေ နဲ့ မုန့် ပူပူနွေးနွေး တွေ ရှိနေတယ်… ။ ငါ့လက်ထဲမှာ အာရာ (Ara) လို့ခေါ်တဲ့ ကောက်ညင်းယမကာ ကို ကိုင်ထား တယ်… ။ ဆန် ဂျုံ ပြောင်း မုယောနဲ့ လူး ဆပ် တွေကို ချက်ပြီးအချဉ်ဖောက်ထားတဲ့ ရိုးရာခေါင်ရည်ဟာ ခုမှ နွှေးထားတာမို့ ပူပူနွေးနွေး…။

"အာ့မာ……  "

"ပြောလေ… ဘတ်ကလေး…… "

"အာ့မာ ကို ဘတ် ပြောပြချင်တယ်…… "

ညလေအေးကို ငါရှူ သွင်းပြီး ကောက်ညင်းခေါင်ရည်နွေးနွေးကို မော့သောက်လိုက်တယ်… ။ကောက်ညင်းလို ချိုတယ်… ပြီးတော့ ကိုကာကိုလာလို ရှတတ…။ ကောက်ညင်းခေါင်ရည် ရဲ့ အရသာ ဆိုတာ ဒီလိုမျိုးပါလား………။ပူဆင်းသွားတဲ့ ခေါင်ရည်ရဲ့ အရသာကြောင့် ထင်ရဲ့ ။ ငါ့စိတ်ထဲမှာ အရာရာပြည့်လျှံလာတယ်… ။

"ဘတ်… အကုန်လုံး ကို ပြောပြချင်တာ……"

အာရာကို နောက်တကြိုက်မော့သောက်လိုက်တယ်… ။ ပူဆင်းသွားပြန်တဲ့ ခေါင်ရည်နဲ့ အတူ ငါ့စိတ်ထဲမှာ အရာရာ လစ်ဟာသွားပြန် သလို ပဲ… ။

အိပ်ရေးမဝဘဲ နှိုးခံလိုက်ရတဲ့ မနက်ခင်းတစ်ခု လို ရီဝေဝေခံစားချက်မျိုး… ။
(crd to : လစ်ခွာအိတ်စဘတ်ကြီးတစ်ဦး )

ဒီခံစားချက်က အားလုံးက်ို မေ့သွားစေတယ် တဲ့ လေ… ။ ဟင့်အင်း…… ။

ငါ ဘာကိုပဲ သောက်သောက်… ဘယ်လောက်ပဲ သောက်သောက်……
ငါ ဘယ်လို မေ့နိုင်မှာလဲ……။

ဘယ်လိုများ မေ့နိုင်မှာလဲ………။

အဲ့တုန်းက……။

ငါ့တစ်ကိုယ်လုံး ပူလောင်ပြီး ကိုက်ခဲနေခဲ့တာကို မှတ်မိတယ်… ။သွားစွယ်အချို့က ငါ့လည်တိုင်ထဲကို နစ်ဝင်သွား တာကို မှတ်မိတယ်… ။ ငါ့မေးဖျားကို မော့ပြီး ငါ့မျက်နှာကို စူးစိုက်ကြည့်နေ တဲ့ သူ့မျက်ဝန်းတွေ…။ အင်း…သူ စိတ်တို သွား ပြန်ပြီ… ။ ဆူညံနေခဲ့တဲ့အသံတွေ တိတ်ဆိတ်သွားပြီးနောက်မှာ သူ ငါ့ကိုယ်ပေါ်က ဖယ်ခွာသွားတယ်… ။ ရေချိုးခန်းတံခါးကို ဝုန်းကနဲ ဆောင့်ပိတ်လိုက်သံ ကြားတော့ ငါ့ကိုယ်ကို ဖြေးဖြေးချင်း စောင်းကာ ထထိုင်လိုက်တယ်… ။ ငါ့အသိထဲမှာ ဘာရှိလဲ…… ။ ပင်ပန်းတယ်… …နာတယ်… ပြီးတော့ နာတယ်……။အိမ်ထောင်ရေးသုခ ဆိုတဲ့ စကားလုံးက ငါ့အတွက် မဟုတ်တာ ကြာခဲ့ပြီပဲ … ။

PHOENIX |[ completed ]|Where stories live. Discover now