PROLOG [unicode]

7.8K 300 6
                                        

Love is burning Like a PHOENIX…


When the phoenix started to burn… no one can escape…


wanna try love……

or… …

wanna try…

to…

B U R N ?


မီးတောင်တွေ…မီးတောင်တွေဟာ အမြဲတမ်းပူလောင်နေတယ်…ငြိမ်းသွားပြီ လို့ ထင်ရတဲ့ မီးတောင်တွေရဲ့ အတွင်းပိုင်းဟာ ငရဲမီးလို ပြင်းပြစွာလောင်ကျွမ်းနေတယ်…။ 

အချစ်.…… အချစ် ဆိုတာ ငါ့အတွက်တော့ မီးတောင်ကြီးနဲ့ တူတယ်…။ တည်ငြိမ်တယ် ထင်ရပေမယ့် အတွင်းပိုင်းမှာ သူမတူအောင် ပူလောင်နေတာမျိုး… ။


အပြာရောင်မီးတောက်… အေးချမ်းတယ် လို့ ထင်ရတဲ့ အပြာရောင်မီးဟာ တကယ်တမ်းတော့ သာမာန်မီးတောက်တွေထက် အဆများစွာပူလောင်နေတဲ့ငရဲမီးဖြစ်နေတယ်… ။

အချစ်…အချစ် ဆိုတာ အပြာရောင် ငရဲမီး နဲ့တူတယ်…အေးမြတယ် ထင်ရပေမယ့် တကယ်တမ်းမှာမထင်ထားလောက်အောင် ပူလောင်နေတာမျိုး…။


အချစ် ဆိုတာကို လူသားတွေ ဘယ်လို တွေးကြလဲ… ။

၅၂၈ဆိုတာက မေတ္တာ… ၁၅၀၀က တဏှာလို့ ဘယ်သူပြောခဲ့တာလဲ…။

မိဘအချစ်… မောင်နှမ အချစ်…ချစ်သူတွေကြားက အချစ်…  အဲ့တာတွေကို ဘယ်လို သတ်မှတ်ထားတာလဲ… ။

ဘယ်သူ့ကိုပဲ ချစ်ပါစေ…အချစ် မှန်ရင် တပ်မတ်မှု ကပ်ပါတယ် မဟုတ်လား……။

ဘယ်အချိန်ကပဲ စ ချစ်ပါစေ… အချစ်မှန်ရင် စိုးရိမ်ပူပန်မှုတွေနဲ့ အနားသတ်ထားတာပဲ မဟုတ်လား… ။

ဘယ်အကြောင်းကြောင့်ပဲ ချစ်နေပါစေ…အချစ်မှန်ရင် ပူလောင်စေတာပဲ မဟုတ်လား…။

ချစ်သူနဲ့ လမ်းခွဲလိုက်ရတဲ့ မိန်းမငယ်တယောက်
ကပဲ ပူဆွေးရတာလား… ။သားသမီးနဲ့ ခွဲရတဲ့ မိခင်တယောက်ဟာလည်းပူဆွေးတာပဲ မဟုတ်လား…။

အချစ်ကို နာမည်တွေ ဘယ်လိုတပ်ပါစေ… ။

အချစ် ဆိုတာ ငါ့ အတွက်တော့ လောင်ကျွမ်းနေတဲ့ မီးပုံကြီးတစ်ပုံ… ။

ချစ်ခြင်းကို ခံစားမယ့် လူသားတွေဟာ…အချစ်မီးရဲ့ လောင်ကျွမ်းမှုကို ခံယူကြမယ့် မရဏမဲ့ ဇာမဏီငှက်တွေ… ။

အချစ် နဲ့ လူသားတို့ တွေ့စုံတဲ့အခါ… နှလုံးသားမှာ မရဏမဲ့တဲ့ ချစ်မီးလျှံတွေအတိုင်းအဆမဲ့ လောင်ကျွမ်းတယ်… ။


PROLOG________

PHOENIX |[ completed ]|Where stories live. Discover now