.U.
အပိုင်း( ၈ )
ကျယ်လောင်တဲ့ ဥသြဆွဲသံမှာ ငါ နိုးလာတယ် ။ ငါ့သားနှစ်ယောက်နဲ့ သမီးကတော့ အိပ်ပျော်နေကြတုန်းပဲ။
ဒီနေ့ကမ်းကပ်တာနဲ့ ရောက်မယ့်မြို့ကနေ ငါ လေယာဉ်လက်မှတ်ဝယ်မယ် ။ ပြီးရင် သူ ရှိနေမယ့်ဒူဘိုင်းကို ငါလိုက်သွားမယ် ။
အိပ်ပျော်နေတဲ့ ကလေးတွေကို ငါ စိုက်ကြည့်နေမိတယ် ။ ချစ်စရာကောင်းတဲ့ ခြောက်နှစ်သားအမွှာလေးတွေဟာ သူငယ်ငယ်တုန်းကပုံစံကို ပြန်မြင်လာစေတယ် ။ အရပ်ရှည်ပြီး ထွားကြိုင်းတဲ့ အမွှာလေးတွေဟာ သူ့လိုပဲ နားရွက်ကားကားလေးတွေ… ပါးချိုင့်နက်နက်လေးတွေ နဲ့… ။
သူနဲ့တူသင့်ပါတယ်…။ အမွှာလေးက သူ့သွေး က ဖြစ်လာတဲ့ ကလေးလေးတွေပဲ… ။
သမီးလေးကို ငါကြည့်လိုက်တယ် ။သမီးလေး ရဲ့ နှုတ်ခမ်းလေးက ငါနဲ့သိပ်တူတယ်။ ပါးပြင်မှာ သူ့လို ပါးချိုင့်လေး ပါတယ်။ ငါတို့ရဲ့သွေးသားမပါ ပါဘဲ နဲ့ ငါတို့နဲ့ ရုပ်တူနေတဲ့ သမီးလေးကြောင့် ရေစက် ဆိုတာကို ငါ လက်ခံလိုက်တယ် ။
ငါ့သားတွေကို နှိုးတယ် ။ အဝတ်တစ်စုံလဲပေးတယ်။ မနက်စာကျွေးတယ် ။ သမီးနိုးလာတယ် ။သမီးကို သန့်ရှင်းပေးပြီး မနက်စာ ကျွေးရတယ် ။ ငါကို်ယ်တိုင်လဲ အဝတ်လဲတယ်။ ပစ္စည်းတွေကို သေချာထုတ်ပိုးပြီး ငါသယ်ခဲ့တယ်။ သားနှစ်ယောက်ကိုလက်ဆွဲ သမီးလေးကို ရင်မှာသိုင်းလွယ် လို့ပေါ့ ။
အချိန်မဆွဲဘဲ လေဆိပ်ကိုငါသွားတယ်။လေယာဉ်လက်မှတ်ဝယ်ဖို့ငွေအလုံအလောက်ကျန်သေးလို့ ငါ ဝမ်းသာမိပါရဲ့။ငါ သက်ပြင်းရှိုက်မိတယ် ။
လေယာဉ် လက်မှတ်ဝယ်ဖို့ စောင့်နေတုန်းမှာ ငါ သတိရလိုက်တယ် ။ ငါ့ကျောပိုးအိတ်ထဲမှာ ငါ့ကလေးတွေကို ကာကွယ်ဖို့ လိုရမယ်ရ ဝယ်ထားတဲ့ ပစ္စတို ရှိနေသေးတယ် ။
"တဆိတ်လောက်… ကလေးတွေကို ခဏ ကြည့်ထားပေးနိုင်မလား……"
လုံခြုံရေးဦးလေးဆီမှာ သားနှစ်ယောက်ကို ခဏ ထားခဲ့တယ် ။ သမီးကို သားကြီးလက်ထဲပေး ခဲ့တယ် ။
"မေမေ စိတ်ချမယ်နော်…… "
"" yess sir…… ""
သံပြိုင်ပြောလိုက်တဲ့ သားနှစ်ယောက်ကြောင့် ငါ ပြုံးမိတယ် ။ ငါ သန့်စင်ခန်းဆီ အမြန်ပြေးခဲ့တယ် ။ ကံကောင်းလို့ သန့်စင်ခန်းက လူရှင်းနေတယ် ။အဝတ်ဟောင်း တစ်ခုနဲ့ သေနတ်ကို ပတ်လိုက်ပြီး သန့်စင်ခန်း အမှိုက်ပုံးထဲကို ထည့်လိုက်တယ် ။ငါ့နောက်မှာ ရပ်နေတဲ့ လူတယောက်ရှိတာ ငါ မသိခဲ့ဘူး ။ ငါ လန့် လွန်းလို့ ထခုန်မိတော့မတတ်ပဲ။
ငါ့နောက်မှာ ရပ်နေတဲ့ အဘိုးအိုက ပြုံးတယ် ။ မှုန်မှိုင်းတဲ့ အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားတဲ့ အဘိုးအိုက ငါ့ကို တစ်စုံတစ်ခုပြောလိုက်တယ် ။
YOU ARE READING
PHOENIX |[ completed ]|
ContoLove is Burning ... Like a P H O E N I X a chanbaek BL fanfiction
![PHOENIX |[ completed ]|](https://img.wattpad.com/cover/219095914-64-k916322.jpg)