Love is burning …
Like a …
PHOENIX…
_____________
ကျယ်လောင်တဲ့ ဥသြဆွဲသံမှာ ငါ နိုးလာတယ်…။ ငါ့သားနှစ်ယောက်နဲ့ သမီးကတော့ အိပ်ပျော်နေကြတုန်းပဲ… ။ဒီနေ့ကမ်းကပ်တာနဲ့ ရောက်မယ့်မြို့ကနေ ငါ လေယာဉ်လက်မှတ်ဝယ်မယ်… ။ ပြီးရင် ငါ သူ ရှိနေမယ့် ဒူဘိုင်းကို လိုက်သွားမယ်… ။
အိပ်ပျော်နေတဲ့ ကလေးတွေကို ငါ စိုက်ကြည့်နေမိတယ်… ။ ချစ်စရာကောင်းတဲ့ ခြောက်နှစ်သား အမွှာလေးတွေဟာ အရင်တုန်းက သူ့ပုံစံကို ပြန်မြင်လာစေတယ်… ။ အရပ်ရှည်ပြီး ထွားကြိုင်းတဲ့ အမွှာလေးတွေဟာ သူ့လိုပဲ နားရွက်ကားကားလေးတွေ… ပါးချိုင့်နက်နက်လေးတွေ နဲ့… ။သူနဲ့တူသင့်ပါတယ်…။ အမွှာလေးက သူ့သွေး က ဖြစ်လာတဲ့ ကလေးလေးတွေပဲ… ။
သမီးလေးကို ငါကြည့်လိုက်တယ်… ။သမီးလေး ရဲ့ နှုတ်ခမ်းလေးက ငါနဲ့သိပ်တူတယ်…။ပါးပြင်မှာ သူ့လို ပါးချိုင့်လေး ပါတယ်…။ ငါတို့ရဲ့သွေးသားမပါ ပါဘဲ နဲ့ ငါတို့နဲ့ ရုပ်တူနေတဲ့ သမီးလေးကြောင့် ရေစက် ဆိုတာကို ငါ လက်ခံလိုက်တယ်…။
ငါ့သားတွေကို နှိုးတယ်… ။ အဝတ်တစ်စုံလဲပေးတယ်… ။ မနက်စာကျွေးတယ်… ။ သမီးနိုးလာတယ်… ။သမီးကို သန့်ရှင်းပေးပြီး မနက်စာ ကျွေးရတယ်… ။ ငါကို်ယ်တိုင်လဲ အဝတ်လဲတယ်…။ ပစ္စည်းတွေကို သေချာထုတ်ပိုးပြီး ငါသယ်ခဲ့ တယ်……။ သားနှစ်ယောက်ကိုလက်ဆွဲ သမီးလေးကို ရင်မှာသိုင်းလွယ် လို့ပေါ့… ။
အချိန်မဆွဲဘဲ လေဆိပ်ကိုငါသွားတယ်…။လေယာဉ်လက်မှတ်ဝယ်ဖို့ငွေအလုံအလောက်ကျန်သေးလို့ ငါ ဝမ်းသာမိပါရဲ့… ။ လေယာဉ် လက်မှတ်ဝယ်ဖို့ စောင့်နေတုန်းမှာ ငါ သတိရလိုက်တယ်… ။ ငါ့ကျောပိုးအိတ်ထဲမှာ ငါ့ကလေးတွေကို ကာကွယ်ဖို့ လိုရမယ်ရ ဝယ်ထားတဲ့ ပစ္စတို ရှိနေသေးတယ်… ။
"တဆိတ်လောက်… ကလေးတွေကို ခဏ ကြည့်ထားပေးနိုင်မလား……"
လုံခြုံရေးဦးလေးဆီမှာ သားနှစ်ယောက်ကို ခဏ ထားခဲ့တယ်… ။ သမီးကို သားကြီးလက်ထဲပေး ခဲ့တယ်… ။
"မေမေ စိတ်ချမယ်နော်…… "
"" yess sir…… ""
သံပြိုင်ပြောလိုက်တဲ့ သားနှစ်ယောက်ကြောင့် ငါ ပြုံးမိတယ်… ။ ငါ သန့်စင်ခန်းဆီ အမြန်ပြေးခဲ့တယ်… ။ ကံကောင်းလို့ သန့်စင်ခန်းက လူရှင်းနေတယ်… ။အဝတ်ဟောင်း တစ်ခုနဲ့ သေနတ်ကို ပတ်လိုက်ပြီး သန့်စင်ခန်း အမှိုက်ပုံးထဲကို ထည့်လိုက်တယ်… ။
YOU ARE READING
PHOENIX |[ completed ]|
Short StoryLove is Burning ... Like a P H O E N I X a chanbaek BL fanfiction
![PHOENIX |[ completed ]|](https://img.wattpad.com/cover/219095914-64-k916322.jpg)