10

85 9 0
                                        

.U.

အပိုင်း(၁၀)

"သူ အဆင်ပြေရဲ့လား...... "

"အဆင်ပြေပါတယ် သူဌေးကတော်...... "

   ဆေးရုံကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ ယန်မိန်းကလေးကို ကြည့်ပြီး ငါ သက်ပြင်းချလိုက်မိတယ် ။ ဆေးရုံဆေးခန်းနဲ့ နှစ်ပါးသွားနေရတဲ့ သူမလည်း ပင်ပန်းနေမှာပဲ ။
    IVF(In Vitro Fertilization ) သို့မဟုတ် test- tube baby လို့ ခေါ်တဲ့ ဖန်ပြွန်သန္ဓေအောင်ခြင်းနည်းပညာကို ငါ အတော်လေး စိတ်ဝင်စားနေမိတယ် ။
    အမျိုးသမီးတစ်ယောက်ရဲ့ သားဥအိမ်(ovary) ထဲက မျိုးဥ (ova)ကို ယူတယ်။ အမျိုးသားတစ်ယောက်ရဲ့ သုတ်ပိုး (spermatozoa)ကို ယူတယ် ။ ဓာတ်ခွဲခန်းဖန်ပြွန်ထဲမှာ ဒီနှစ်ခုကို ပေါင်းစပ်စေပြီး သန္ဓေအောင်ခြင်း(Fertilization)ဖြစ်စေတယ် ။ သန္ဓေအောင်ပြီး ရလာတဲ့သား လောင်း(embryo) ကို အမျိုးသမီးရဲ့ သားအိမ် (uterus)ထဲကို ကုတ်တွယ်ခြင်း(Implant ation)ပြုနိုင်ဖို့ ပြန်ထည့်သွင်းမယ် ။
သတိထားရမယ့်အချက်တွေတော့ ရှိတယ်။
   အမျိုးသမီးကို Progesterone သို့human Chorionic Gonadotrophin(hCG) ကို လုံလုံလောက်လောက် ပေးထားမယ်။ အဲ့တာက သားအိမ်နံရံကို ထူထဲစေပြီး သန္ဓေသားကို ကောင်းစွာကုတ်တွယ်နိုင်စေလိမ့်မယ်။ IVFကို တစ်ခါကြိုးစားဖို့အတွက် မျိုးဥ ၁၀လုံး ကနေ ၁၅လုံးအတွင်းထုတ်ယူပြီး သန္ဓေအောင်စေမယ် ။ သန္ဓေအောင်ပြီးသား သားလောင်းတွေ ကို Pre-Implatation Genetic Diagnosis test (PGD) လို့ခေါ်တဲ့ စမ်းသပ်မှုတစ်ခုကို ပြုလုပ်တယ်။ အကောင်းဆုံးသားလောင်းကို ရွေးခြယ်နိုင်ဖို့ သားလောင်းမှာ မျိုးရိုးဗီဇဆိုင်ရာမူမမှန်မှုတွေပါသလား ဆိုတာ စစ်ဆေးနိုင်ဖို့ ဖြစ်တယ် ။
   စိတ်လှုပ်ရှားစရာကောင်းတဲ့အချက်က … IVF နဲ့ သန္ဓေယူတဲ့အခါ အမွှာလေးတွေ ရနိုင်တာမို့ ဘယ်နှစ်မွှာယူမလဲ ဆိုတာကို ဆုံးဖြတ်လို့ရတယ် ။ ၃၅နှစ်အောက် အမျိုးသမီးတွေမှာ သန္ဓေအောင်နိုင်ခြေ ၃၂ရာခိုင်နှုန်းနဲ့ အထက်ရှိတယ် ။ အသက်ကြီးလာလေ အောင်မြင်နိုင်ခြေနည်းလေ ဖြစ်တာမို့ နောက်မကျသင့်ဘူး တဲ့လေ… ။

"ရလဒ်တွေက ဘာလို့ မတိုးတက်သေးတာလဲ... "

    သူ့စကားသံက ခပ်မာမာ......။ ဆရာဝန်ကြီးက ရှင်းပြရခက်နေဟန်နဲ့ လက်နှစ်ဖက်ကို ပွတ်သပ်နေတယ် ။ ၅လ ဆိုတဲ့ အချိန်အတွင်းမှာ သူ နဲ့ ငါ ဆေးရုံကို ရောက်တာ အခေါက်ပေါင်းမနည်းတော့ဘူး ။ ယန်မိန်းကလေး ဆေးစစ်ခန်းထဲ လွန်ခဲ့တဲ့နှစ်ပတ်က နောက်ဆုံးဝင်ခဲ့တယ်။ရလဒ်က အနှုတ်ပဲ ပြနေသေးတယ်။

PHOENIX |[ completed ]|Where stories live. Discover now