3

115 9 0
                                    

.U.

အပိုင်း( ၃ )

" မင်းနာမည် ဘယ်လိုခေါ်လည်း……"

     ငိုလို့ဝသွားတဲ့ သူက နီရဲနေတဲ့ မျက်လုံးတွေကို ပွတ်သတ်ရင်း ငါ့ကို မေးတယ်… ။

"ဘတ်… ဘတ်ဟျွန်း (Baekhyun) …  "

     မျက်ရည်တွေ စိုရွှဲနေတဲ့ ပါးပြင်လေးကို ပွတ်သုတ်ရင်း ငါ ဖြေလိုက်တယ် ။ သူက ငါ့ပါးနီနီလေး တွေကို ခပ်သာသာဖျစ်ညစ်ရင်း ပြုံးတယ် ။

"ငါ မင်းကို သူများနဲ့မတူအောင်ခေါ်ချင်တာ…"

     အိမ်ထိန်းအဒေါ်ကြီးနဲ့ ဦးလေးကြီးက အံ့အားသင့်နေတဲ့ မျက်နှာတွေနဲ့ ငါတို့ကို ငေးကြည့်နေတယ် ။ ဘာလို့လဲဆိုတာ အဲ့တုန်းက ငါ မသိခဲ့ဘူး ။
     နောက်တော့ ငါသိလိုက်ရတယ်။ ငါ့ကို ပြုံးပြတဲ့ အဲ့ဒီအပြုံးဟာ သူ့အမေမရှိတော့တဲ့ နှစ်နှစ်တာအချိန်အတွင်းမှာ ပထမဆုံး ပြန်ပြုံးခဲ့တဲ့ အပြုံးတဲ့လေ…… ။

" ငါမင်းကို B a e k က k ကိုဖြုတ်ပြီး B a e … ဘေ(Bae) လို့ ခေါ်မယ်… "

     ခေါ်လို့ရမလား လို့ သူမမေးဘူး ။ ခွင့်မတောင်းဘူး ။
ဟုတ်တယ်… အဲ့တာ သူ့အကျင့်ပဲ …။ သူ ဆိုတာ ဆန္ဒရှိတဲ့ တစုံတရာကို  မရရအောင် ယူတတ်တဲ့သူ… ။
     အဲ့နေ့က စပြီး သူနဲ့ ငါ အရင်းနီးဆုံး လူနှစ်ယောက် ဖြစ်လာတယ် ။ သူ့အကြောင်းတွေကို အသေးငယ်ဆုံးပါ ဆိုတဲ့ အစိတ်အပိုင်းတွေအထိ ငါ သိလာတယ် ။
     သူ့နာမည်က ပတ်ချန်းယောလ်… ငါ့အဒေါ်ရဲ့ အမျိုးသားဖြစ်တဲ့ မစ္စတာပတ် ရဲ့ တစ်ဦးတည်းသောသား… ။ ငါ့အသက် ခုနစ်နှစ်မှာ သူ့အသက်က ဆယ်နှစ်ရှိပြီ။
     သူ့ဖခင် မစ္စတာပတ်က ငါ့အဖေနဲ့ တခြားစီ လို့ ပြောရလောက်အောင် ကြင်နာတတ်တဲ့ဖခင်ဖြစ်တယ် ။ သူ့ကို သိပ်ချစ်တယ်… အလိုလိုက်တယ်…။ အသက်ကွာတဲ့ ငါ့အဒေါ်ကိုလည်း အမည်ခံလက်ထပ်ထားရတယ် ဆိုပြီး ရိုင်းရိုင်းစိုင်းစိုင်း မဆက်ဆံ ။ ညီမလေးတယောက်လို သမီးလေးတယောက်လို လေးလေးစားစား ဆက်ဆံတယ် ။ ဒါပေမယ့် တဖက်မှာလည်း စီးပွားရေးကို ဦးစားပေးလွန်းတဲ့လူတယောက် ဖြစ်နေပြန်တယ်။
    ပတ်အိမ်တော်ကို ငါရောက်တဲ့နေ့က ငါ့အမေဆုံးပြီး နောက်တစ်ရက်… ငါ့အမေရဲ့အရိုးပြာကို မျောတဲ့နေ့… အဲ့ဒီ့နေ့က သူ့အမေရဲ့ ဇာပန နှစ်ပတ်လည်နေ့ပဲ… ။
    ငါတို့နှစ်ယောက်လုံးမှာ တူညီတဲ့ နာကျင်မှုတွေ ရှိကြတာပဲ ဆိုတာကို သိရတော့ ငါ သူ့က်ို ပိုပြီး ကြင်နာပေးမိတယ် ။ ပိုပြီး ပြုံးပြပေးမိတယ်…။
     ငါ သတိထားမိလာတာက ငါ သူ့ကို ကြင်နာပေးလေ သူက ငါ့အပေါ်အနိုင်ယူလေပါပဲ ……။
     ငါ ရောက်တဲ့ညကနေ စလို့ ငါ သူနဲ့ကုတင် တစ်ခုတည်းကိုမျှ ပြီး အိပ်ခဲ့တယ် ။ ဘေးမှာရှိတဲ့ တခုခုကို တင်းတင်းကျပ်ကျပ်ဖက်ပြီး အိပ်တတ် တဲ့ သူ့အကျင့်ကြောင့် တယောက်တည်းအိပ်နေကျ  ငါ တညလုံး အိပ်မပျော်ခဲ့ဘူး။  နောက်နေ့မှာ အဲ့ဒီအကြောင်းကိုသိတော့ သူ ငါ့ကိုပြောတယ် ။

PHOENIX |[ completed ]|Where stories live. Discover now