21 [EXTRA CHAPTER]

400 11 0
                                        

.U.

အပိုင်း(၂၁)

ဘာသာဝင်… ။
ဘာသာတစ်ခုကို နစ်နစ်ကာကာယုံကြည်ကိုးကွယ်တဲ့ သက်ဝင်သူ လို့ ဆိုတယ် ။

ဘာသာတစ်ခုကို ဦးချနေရုံ ရှိခိုးပူဇော်နေရုံ ဘုရားစာတွေအော်ဆိုပြနေရုံ နဲ့ လူတစ်ယောက်ဟာ အဲ့ဒီဘာသာဝင်ပါ လ်ို့ ပြောဖို့မလုံလောက်နိုင်ဘူး ။
ဘာသာတစ်ခုက သင်ကြားပေးတဲ့ ဓမ္မစည်းမျဉ်းတွေကို ကြိုးစားလိုက်နာနိုင်ရင်…  ချမှတ်ထားတဲ့ လမ်းကြောင်းတွေပေါ် လျောက်ဖို့ ကြိုးစားနိုင်ရင်သာ အဲ့ဒီလူကို *ဘာသာဝင်* လို့ သတ်မှတ်တယ် ။

ဗုဒ္ဓမြတ်စွာဟာ သူ့ကိုယ်သူ တထာဂတ (Tathagata) လို့ သုံးနှုန်းတယ် ။ တထာဂတ - ရှေးဘုရားများကဲ့သို့သော မြတ်သောဘုရားရှင် ဆရာသခင် … အဓိပ္ပာယ်က ဖန်ဆင်းသူ မဟုတ်တဲ့ ဆရာတစ်ဦး ပါတဲ့… ။
ငါဟာ ဗုဒ္ဓဘာသာဝင်တစ်ဦး … ။ငါဟာ ငါ့ဆရာသခင် ဘုရားမြတ်စွာကို ရှိခိုးပူဇော်ရုံတင် မဟုတ်ဘဲ ဘုရားမြတ်စွာချမှတ်ခဲ့တဲ့ ဗုဒ္ဓဘာသာ ဆိုသော လမ်းကြောင်းပေါ်ကို လျောက်ဖို့ ကြိုးစားနေတဲ့လူသားတစ်ဦး … ။

ငါဘာလို့ ဗုဒ္ဓဘာသာဝင် ဖြစ်လာလဲ မေးခဲ့ရင် အိမ်တော်ထိန်းကြီးကြောင့်လို့ဖြေရမယ်။ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့အိမ်တော်ထိန်းဦးလေးကြီးက ကိုးကွယ်ရာပျောက်နေခဲ့တဲ့ ငါ့ကို  ဘာသာရေးစာပေတွေ ဖတ်စေရာကနေ စတယ်…။ စာတွေ ဖတ်လေ လေ့လာလေ လွန်ခဲ့တဲ့ အနှစ်၂၆၀၀လောက်က သက်ရှိထင်ရှား ပွင့်တော်မူခဲ့တဲ့ ဗုဒ္ဓဘုရားရှင်ကို ငါ လေးစားမိလေပဲ ။ 

ဗုဒ္ဓဘုရားရှင်ဟာ ကိုယ့်ကိုကိုယ် ထိန်းကျောင်းနည်းကို ညွှန်ပြသင်ကြားပေးတော်မူခဲ့တယ် ။
ငါ အစားအများကြီး စားရင် ငါ ရင်ပြည့်မယ်… နေထိုင်မကောင်းဖြစ်မယ်… နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီးဖြစ်လာမယ်။ ငါ ချင့်ချိန်စားလိုက် တဲ့အခါ ငါ နေသာမယ်… အာဟာရမျှမယ်… ကျန်းမာမယ် ။ တရားတော်က ညွှန်ပြတဲ့ ထိန်းချုပ်ခြင်း ဆိုတာ ဒီသဘောပါပဲ… ။
ငါ တစ်ခုခုမှာ တော်တယ်… တတ်တယ်… ။ အဲ့တာကို ငါ ကြွားဝါလိုက်တဲ့အခါ အနည်းဆုံး ငါ့ကို စိတ်ပျက်ကြမယ်… အများဆုံးက ငါ့ကို မနာလိုကြမယ် ။ နောက်ဆုံးမှာ ပျက်စီးမယ့်သူက ငါပဲ။ ငါသာ မကြွားဝါဘဲ ငြိမ်ငြိ်မ်လေးနေလိုက်ရင် ငါ့ကို ဘယ်သူမှ ထိခိုက်အောင်မလုပ်ကြတော့ဘူး။ နိမ့်ချခြင်းဆိုတာကို လူပိန်းစကား နဲ့ ပြောရရင် ဒီသဘောပဲ… ။
ကျယ်ပြန့်ပြီး လေးနက်တဲ့ တရားတော်ကို နားလည်သဘောပေါက်နိုင်ဖို့ ငါဟာ နုံအလွန်းပါသေးတယ် ။ ဒါပေမယ့် ဘာသာတရားတစ်ခုကို အပြစ်မပြောခင် အရင်လေ့လာရမယ် ဆိုတဲ့ အခြေခံစည်းမျဉ်းလောက်တော့ ငါ နားလည်သေးတယ်… ။

PHOENIX |[ completed ]|Where stories live. Discover now