17

85 6 0
                                    

.U.

အပိုင်း(၁၇)

ငါ အိမ်ပြန်ရောက်လာတယ်……။
နံစော်ပေရေနေတဲ့ ကလေးကို ရေချိုးသန့်စင်ပေးပြီး အစားအစာကျွေးတယ် ။ မိသားစုဆရာဝန်ကို ခေါ်ပြီး စစ်ဆေးစေတော့ ကလေးက မသေရုံတမယ် စားသောက်ခဲ့ရတာမို့ အာဟာရ ချို့တဲ့နေတယ် တဲ့လေ ။ငါ့ခင်ပွန်းသာ ခေါ်မလာခဲ့ရင် သူလေး သေရတော့မယ် ။

"လိပ်ပြာလေး တဲ့လား…… "

လက်မှာဆေးထိုးအပ်တန်းလန်းနဲ့ ကလေးကို ကြည့်ပြီး ငါ့ရင်ထဲမှာမကောင်း ။ ကျုံလှီနေတဲ့လက်သေးသေးလေးဟာ လက်မှာထိုးထားတဲ့ ပုစဉ်းခေါင်းအပ်နဲ့အရွယ်တူဖြစ်နေတယ်။ အိပ်ပျော်နေတဲ့ ကလေးရဲ့ ခေါင်းလေးကို ငါ အသာဖွဖွအုပ်ကိုင်ပြီး ဆုတောင်းပေးမိတယ် ။
လိပ်ပြာလေးရယ်… ဆက်ပြီး ရှင်သန်နေထိုင်ပေးပါကွယ် ။ မင်းအမေဖြစ်စေချင်သလိုမျိုး ကောင်းမွန်တဲ့ ဘဝတစ်ခုကို ကောင်းကောင်းလေး နေထိုင်ဖြတ်သန်းရဦးမယ်… ။

" မေမေရေ……  "

" မေမေ……  "

အခန်းထဲကို ဝင်လာတဲ့ အမွှာလေးက ဆေးပိုက်တန်းလန်းနဲ့ ကလေးကိုမြင်တော့ အံ့အားသင့်နေကြတယ် ။

"ထယ်ယန်း … ဆဲဂျီ… ဒါ မင်းတို့ရဲ့ ညီမလေးပဲ……"

ငါ ပြုံးရင်း မိတ်ဆက်ပေးလိုက်တယ် ။ အမွှာလေးတွေက ကလေးကို ချက်ခြင်းလက်ခံမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ သူတို့ရဲ့လက်ခံနိုင်စွမ်းက အံ့အားသင့်စရာကောင်းလောက်အောင် မြင့်မားတယ် ။ကလေးက နိုးလာတော့ တဂျီဂျီငိုတယ် ။ အမွှာလေးက ကလေးက်ို ငါ့လက်ထဲကယူပြီး တယောက်တလှည့် ပွေ့ချီချော့မြူကူတယ် ။ တနေကုန်တဲ့အထိ သူတို့ ငါ့နားမှာ နေရင်း ကလေးအကြောင်း တဖွဖွမေးနေကြတယ် ။
ငါ ဝမ်းပန်းတသာနဲ့ သူတို့ကို  အချိန်ပေးမိတာ … ငါ့ခင်ပွန်းအတွက် ညစာချက်ဖို့ တောင် မေ့သွားတဲ့အထိ… ။

"Bae ကွာ …… ဒါ မေ့စရာလား …  "

ငါ့ခင်ပွန်းက ငါ့လက်ရာမဟုတ်တဲ့ ဟင်းပန်းကန်ကို ဆောင့်ချရင်း ခပ်မာမာပြောတယ် ။ ငါ့ခင်ပွန်းကို ငါ စိတ်ပျက်လက်ပျက်နဲ့ ငေးကြည့်နေမိတယ် ။ အခုထိ *စိတ်ပျက်* တဲ့ အဆင့်ပဲ ရှိသေးတဲ့ ငါဟာလည်း အံ့သြကုန်နိုင်ဖွယ် ပါပဲ ။

PHOENIX |[ completed ]|Where stories live. Discover now