six( unicode )

2.4K 267 2
                                        

  Love is burning …
Like a …
PHOENIX…
_____________

"စိတ်ချ ခဲ့ပါရစေ…… "

ဒီစကားကို ပြောပြီး ငါ့အဒေါ်က ငါ့လက်က်ို လွတ်ချသွားပြန်တယ်… ။ လောကတစ်ခုလုံးမှာ ငါ တယောက်တည်း ကျန်ခဲ့ပါလား လို့ ငါ သိလိုက် တယ်… ။

ငါ ပြုံးထားရင်း သူ့ပခုံးကို မှီလိုက်တယ်… ။အထက်တန်းစာမေးပွဲတွေဖြေနိုင်ဖို့ ငါ ကြိုးစားရဦးမယ်……။

တနှစ်တာကာလက မျက်တောင်တခတ်စာမှာ ပဲ ငါ့နားက လွင့်ပျံသွားတယ်… ။

နှုတ်ခမ်းနီမိန်းကလေးက သူ့နားကို အမြဲ လာတယ်……။ သူက အဲ့မိန်းကလေးကို ကြိုဆို တယ်… ။

"Bae… ကိုကိုတို့အတွက် ကော်ဖီလေး ဖျော် ပေး ပါဦး…  "

အဲ့တာ အဲ့မိန်းကလေး ရောက်လာတိုင်း သူ ပြောနေကျစကား… ။

"ရတာပေါ့……ခဏစောင့်နော်……  "

ငါ အလိုက်တသိပဲ ထထွက်လာနေကျ… ။

တယောက်ယောက်ကို ချစ်တယ် ဆိုတာ တဖွဖွ ပြောနေဖို့ မလိုအပ်ဘူး လို့ ငါ ယူဆတယ်…။ငါ သူ့ကို သိပ်ချစ်ကြောင်း ပြတဲ့အနေနဲ့ ငါ့တဘဝ လုံး သူ့နားမှာ အကောင်းဆုံး နေပေးခဲ့တယ် ။

ငါ့ကို ချစ်တယ် လို့ ပြောတာကို မလိုချင်ပေမယ့် ငါ သိချင်မိတယ်… ။ သူ ငါ့ကို တကယ်ချစ်တာ ဟုတ်ပါရဲ့လား … ။

တကယ်ချစ်တယ် ဆိုရင်…… ငါ ဝမ်းနည်းနေတာကို သူ ဘာလို့ မမြင်တာလဲ… ။

မေမေ … ပြီးတော့ … ဒေါ်လေး……
သူတို့ကကော ငါ့ကို ဘာလို့ တယောက်တည်း ထားခဲ့ရတာလဲ…… ။

ကော်ဖီခွက်ထဲကို ငါ့မျက်ရည်တွေ ပြုတ်ကျသွား တယ်… ။ အနည်းဆုံး…… ကော်ဖီတွေ ငံနေတာကိုတော့ သူ သိကောင်းပါရဲ့…… ။

"ဂုဏ်ယူပါတယ်…!!… "

ဆူဆူညံညံ အော်ဟစ်နေကြတဲ့ ကျောင်းသားတွေရဲ့ အလယ်မှာ ငါ အပြုံးတစ်ပွင့်နဲ့ ရပ်နေတယ်… ။သူများတွေ အသက်၁၈နှစ်မှာ အထက်တန်းအောင်လက်မှတ်ရကြတယ်…။ ငါ့အသက်က တော့ ၁၆နှစ်ပဲရှိသေးတယ် … ။

ငယ်ငယ်ရွယ်ရွယ်နဲ့ ပညာတစ်ခုပြီးမြောက်သွား လို့ ငါပျော်သင့်လား… ။ ပျော်သင့်ပါတယ်… ။
ပြုံး…ထား သင့် တယ် လို့လည်း ငါထင်တာပဲ…။

PHOENIX |[ completed ]|Where stories live. Discover now