.
"မင်း......မင်းဘယ်သူလဲ.......သရဲလား...မှင်စာလား.."
ကျနော်မေးလိုက်တော့.......
အကောင်ပိစိလေးက မော့ကြည့်လာသည်.........
မျက်လုံးလိမ္မော်ရောင်လေးက.....
တောက်ပနေပေမယ့်.......အရည်ကြည်လေးတွေလည်း
ရစ်သိုင်းနေပြန်တယ်......ကျနော်အသည်းတွေယားလိုက်တာလေ.....ပိစိလေးကိုကြည့်ရင်းကြည့်ရင်း
အသည်းတွေ ကလိကလိဖြစ်လာတာ.....
"မေး.....နေတယ်လေ......
မင်းက....မှင်စာလားလို့......."
ကျနော်ထပ်မေးသည့်တိုင်......
ကောင်လေးက မလှုပ်မယှက်.......
"ဟာ......မင်း.....လူစကား မပြောတတ်ဘူးလား...."
ကျနော် အသံမာမာနဲ့ဟောက်ကာမှ.....
ကောင်လေးက.......
"ပြော....ပြော.....တတ်တယ်......"
အကောင်လေးသေးပေမယ့်.....ကျနော်ကြားလိုက်ရတဲ့....သူ့အသံလေးက သာမန်လူတွေလိုပဲ.......
ကျယ်တယ်........
ပြီးတော့......သူ့အသံလေး တအားချိုသာတာပဲ.....
"ဒါဆို.....မင်း....မင်းက......ဘာလေးလဲ......."
"ကျနော်.....က......လူ......လူပါပဲ......."
ကျနော် အံ့သြယူရသည်......လူကဒီလောက်သေးမလား.......
"ဟို......ဟို......ကျနော်က........
ကျိန်စာ မိနေတာ......အဲ့ဒါကြောင့်.....ခုလို....
သေးနေတာပါ......"
ကျနော် အံ့သြနေတာသိလို့ထင့်.......
ကောင်လေးက ဖြေရှင်းစကားဆိုသည်........
ကျိန်စာ......ဒါမျိုးကဒီလိုခေတ်ကြီးမှာ တကယ်ရှိရဲ့လား.......
ကျနော်မယုံပါ.......သူ ကျနော့်ကို လာလိမ်နေတာ
သြော်....သရဲတွေ မှင်စာတွေက....
မူယာမာယာလည်း တယ်များသကိုး..........
"တော်စမ်းပါ.......မင်းရဲ့လိမ်စဉ်တွေ ငါမယုံဘူး...
အခုလည်း.....ငါ့ဆီက ဘာလိုချင်လို့ လာတာလဲ.....
ထွက်သွား ......."
ကျနော် အပီအပြင် ချဲလိုက်တော့မှ......
အကောင်ပိစိလေးက.......
ကိုယ်လေး တစ်ချက်တုန်သွားသလားလို့လေ......
"ယုံပါ......ကျနော် ပြောတာယုံပါ........
ကျနော်.....ကျနော် လိမ်နေတာမဟုတ်ပါဘူး.........."
"ဟေ့.......ဟေ့.........မင်း.....ဘာလုပ်တာလဲ........"
သူကပြောပြောပြီးချင်း........ကြမ်းပြင်ပေါ်ကနေမှ
ကျနော် ထိုင်နေတဲ့.....ကုတင်ပေါ်......လွင့်ခနဲရောက်ချလာသည်မို့.......ကျနော့်မှာ လန့်ဖျန့်ကာ.......
နောက်သို့ ဆုတ်ထိုင်လိုက်ရသည်..........
ESTÁS LEYENDO
လိေမၼာ္သီး 🍊 လိမ္မော်သီး 🍊
Fanfictionကျနော့် အချစ်က လိမ္မော်သီးလေး Sehun×Luhan ကျနော့်အချစ်က လိမ္မော်သီးလေး Sehun×Luhan
