"Sehun က ကလေးထိန်းတော်လိုက်တာကွယ်။"
အိပ်စက်ပျော်မွေ့နေသော ကလေးငယ်ကို
ရင်ခွင်မှာ ပွေ့ကာပိုက်ကာ
ဆိုလာသည့် ကလေးရဲ့မိခင်။"အားနာလိုက်တာ။"
"ရပါတယ်ဗျ၊ကျွန်တော်တို့လည်း ပျင်းနေတာနဲ့
KyungSoo Hyung ဆီက ကလေးခဏငှါး..
အဲ.....ခေါ်ထိန်းလိုက်တာ။"ပြုံးတုံ့ဖလှယ်ကာ ဆိုမိရသည်၊
နံဘေးက ပိကျိလေးကတော့
သူ့လက်မောင်းတစ်ဖက်ကို
တင်းနေအောင်ဆုပ်ထားရာက မလွှတ်။"awww ဒါနဲ့လေ
ကျွန်တော် ကလေးအတွက်
လက်ဆောင်ဝယ်ပေးချင်တာရှိသေးတယ်။
အဲ့ဒါ နောက်နေ့ကျ Hyung နဲ့ထည့်ပေးလိုက်မယ်နော်။"သူမက ပြုံးရယ်ကာ ရပါတယ်ဟုဆိုပေမယ့်
သူတကယ်ပေးချင်ပါသည်။ဖခင်မရှိသည့် ကလေးလေးမို့
သနားသည်ကတစ်ဖုံ၊
ကလေးကိုချစ်မိသည်က တစ်သွယ်မို့သာ။"အစ်မကလည်း အလုပ်သွားရတော့
အရင်ကဆိုသူ့အဖိုးတွေ၊အဖွားတွေနဲ့ထားနေကျ
ခုက သူ့အဖွားကဖျားနေတယ်ဆိုတာနဲ့။
Kyung Soo တို့ကို အကူအညီတောင်းမိတာ။"အားနာစွာဖြင့် ထပ်ကာထပ်ကာဆိုလေသည့်စကား
တကယ်ဆို ဒီလိုတွေကူညီလိုက်ရလို့လည်း
သူ့မှာအပူတစ်ပူငြိမ်းသွားသည်မို့
အားနာစရာ တော့မရှိပါလေ။"ကျေးဇူးတင်ပါတယ်၊.Sehun ရော၊
Luhan ရော။"Han ကို ပြုံးပြနှုတ်ဆက်ပေမယ့်
Han ကတော့ ပြုံးနေတာအသက်မပါ၊နှုတ်ခမ်းမသိမသာချွန်နေတာမို့
လိုရမယ်ရ နဖူးလေးကို ဖွဖွနမ်းကာ
ပခုံးကိုတင်းတင်းဖက်ပစ်မိသည်။"Han က ကလေးကို ပြန်ပို့်ရတာ ကို
စိတ်မကောင်းနေတာလား။"တစ်ဖက်လူအတွက် ရိုင်းသွားတယ်လို့
ထင်မှာလည်းစိုးရသည်။
YOU ARE READING
လိမ္မော်သီး 🍊 လိမ္မော်သီး 🍊
Fanfictionကျနော့် အချစ်က လိမ္မော်သီးလေး Sehun×Luhan ကျနော့်အချစ်က လိမ္မော်သီးလေး Sehun×Luhan