🍊19

465 38 0
                                    

"အခု ဘယ်လိုလုပ်မှာလဲ....ပြော...."

အေးစက်နေပြီဖြစ်တဲ့ ပိကျိလေးရဲ့လက်ကို..
ပိုဆုပ်ကိုင်ပစ်လိုက်သည်...........

"ကျနော်....Han ကို လက်ထပ်မှာပါ....."

"Sehun....မင်း....."

ဒေါ်လေးက သွေးတက်သွားဟန်ဖြင့်.....
နားထင်ကို လက်နှင့်ဖိသည်.........

"Sehun....လောလောဆယ်.. .
ငါ့ကို သံပုရာရည် သွားဖျော်ပေးစမ်း....."

"ဒေါ်လေး အရင်က သွေးမတိုးတတ်ပါဘူး..
အခုမှ တိုးနေတာလား...."

ဒေါ်လေးက တကျွတ်ကျွတ်ငြီးနေရာမှ....
မျက်နှာပျက်သွားသေးသည်.......

"အဲ့ဒါနင့်ကြောင့် လေ....နင့်ကြောင့်.....
ငါ့မှာသွေးတိုးနေရတာ...."

ဒေါ်လေးအကြောင်း ကိုယ့်အသိပေမို့......

"သွေးတိုးရင်လည်း.....
ဒေါ်လေးအိမ်ပြန်ရောက်မှသောက်.......
အဲ....မဟုတ်မှလွဲရော.....
ကျနော် သံပုရာရည် သွားဖျော်နေတုန်း
Han ကို ကျနော်နဲ့ လမ်းခွဲခိုင်းမယ်.....
နှိပ်ကွပ်မယ်ဆိုပြီး ....စဉ်းစားနေတာများလား"

ဒေါ်လေးမျက်နှာထားကိုကြည့်လိုက်တော့...

"hahaha တကယ်ပဲကိုး...
ဒေါ်လေးရာ .....ဒေါ်လေးကြည့်နေကျ...
Drama ကားတွေထဲက အကွက်တွေ...
သုံးမနေပါနဲ့ဗျာ....."

Han ကတော့
ကျနော့်ကို ကြောင်ကြည့်နေလေသည်........

ဒေါ်လေးကတော့ ရှက်သွားသည်ထင်၏....
ဆောင်နေကျ ဒေါင်းမွှေးယပ်တောင်ကို
တဖြတ်ဖြတ် ခပ်နေရင်း.....

"တော်ပြီ....တော်ပြီ.....
နင်နဲ့ မပြောဘူး....
ဟို ကလေးနဲ့ပဲပြောမယ်........"

Han လက်လေးကို နှစ်ဖက်ထပ်ကိုင်ရင်း....
မျက်ရိပ်ပြလိုက်သည်.........

"မင်းနာမည် ဘယ်လိုခေါ်လဲ....."

Han့ကိုယ်လေး တုန်သွားသည်.......

"ဒေါ်လေး
အကုန်သိပြီးလို့ လာတာမဟုတ်ဘူးလား...."

"နင် တိတ်တိတ်နေစမ်းပါ....."

သြော်....သိပ်ပြီး ဒရာမာ ခင်းချင်တဲ့အဒေါ်...
တိတ်တိတ်နေပေးလိုက်သည်.........

လိ​ေမၼာ္​သီး 🍊 လိ​မ္မော်​သီး 🍊Where stories live. Discover now