🍊20

549 37 0
                                    

"ကျနော်......ဘယ်လိုနေလဲဟင်....."

အဖြူ ရောင် suit ကို ဝတ်ထားသည့်.....
အဖြူရောင် နတ်သားပိကျိလေးက.......
ခန္ဓာကိုယ် ကို တစ်ပတ်လည်ပြပြီး မေးလေသည်...

အဖြေစကားတို့အား မဆိုအား ပဲ
ချစ်စဖွယ်ကလေးငယ်ကို......
မျက်တောင်မျှမခတ်မိအောင်.....
ငေးစိုက်ကြည့်နေမိလေခြင်း........

မဖြစ်.....လွတ်သွားလို့မဖြစ်.....
ကလေးငယ်ရဲ့ အမူအရာ တစ်ခုလေးကိုမျှ...
အလွတ်ခံလို့ မဖြစ်............

"Hyunggg......."

အသံမာမာလေး ထွက်လာမှ......
အလန့်တကြား မျက်တောင်ခတ်မိလေတော့.....
တစက္ကန့်စာလောက် လွတ်သွားသည်ကို.....
နှမြောတသ ဖြစ်ရလေခြင်း.............

"ချစ်လိုက်တာ....ကလေးရယ်......."

မထိန်းသိမ်းနိုင်......
အကြင်နာတို့ ဖိတ်လျှံကျလာသည့်နောက်.......
ရင်ခွင်ထဲ ဆွဲသွင်းမိသည်.........

""အင့်....လွှတ်....လွှတ်ဦး.......ဆို...."

ရင်ဘတ်ကို တွန်းကာ....ခြေစုန်ကန် ငြင်းလေသည့်
ပိကျိလေး....
ရင်ခွင်ထဲက ထုတ်ပေးလိုက်တော့.....
မျက်နှာ စူပုတ်ပုတ်.......
ဘာများဖြစ်လို့ပါလိမ့် ..........

"တွေ့လား....Hyung လုပ်တာ.....
လည်ပင်းက ဖဲပြားလေးလည်း စောင်းသွားပြီ.....
ဆံပင်တွေလည်း ပုံပျက်ကုန်ပြီ.........
မိတ်ကပ်တွေလည်း ပျက်ပြီလား မသိ......."

အင်မတန် ပဲများချင်ပုံရသော....ကလေးက.....
ကိုယ်လုံးပေါ် မှန်ရှေ့ အပြေးသွားပြုပြင်လေသည်

"အဟက်......."

သဘောတကျ.....ရယ်မိတော့....
လှည့်ကြည့်လာတဲ့ ရုပ်လေးက ပေစောင်းစောင်း......

"ဘာရယ်တာလဲ.....
သူများ Sang Namja ဖြစ်တာ မနာလိုလို့မလား...
အာ့ကြောင့် သပ်သပ် လုပ်တာ မလား......"

ဖြစ်ရလေ....ကလေးငယ်......

"ပေး....ကိုယ်ပြန်လုပ်ပေးမယ်......."

သူ့လက်ထဲက ဘီးကိုယူပြီး.....
လှန်တင်ထားတဲ့......လိမ္မော်ရောင် ဆံပင်တို့အား
ပိုသပ်ရပ်အောင်....ဖြီးသင်ပေးလိုက်သည်.......

"မိတ်ကပ်ပြင်တဲ့ သူရော....
ခေါ်ပြီး....ပြန်လုပ်ခိုင်းပေး ......."

လိ​ေမၼာ္​သီး 🍊 လိ​မ္မော်​သီး 🍊Where stories live. Discover now