"Hannnnn......မင်းဘယ်မှာလဲ....."
ကျွန်တော် လက်ခုံကိုကိုက်လို့....
အသံမထွက်အောင် နေလိုက်တယ်......"Han....ဟင်....."
အိပ်ခန်းထဲ အပြေးဝင်လာကာ...
မီးခလုတ်ကို ဖွင့်လိုက်မှ....
ကျနော့်ကိုမြင်ပုံရသူ......"Han....."
နံရံကိုမှီပြီးထိုင်နေတဲ့....
ကျနော့်ထံ...သူအပြေးလာကာ...."ဟင့်...."
ကိုက်ခဲထားတဲ့ လက်ခုံကို...
သူအသာ ဖယ်ယူတာမို့.....
ကျနော့်ရှိုက်သံတို့ ထွက်သွားသည်.....ကျနော့်တစ်ကိုယ်လုံးအား...
သူသိမ်းကျုံးထွေးပွေ့လိုက်သည်မို့...
ကျနော် ကြောင်အ သွားရသည်......"မင်း....မင်း...ထွက်သွားပြီထင်ပြီး..."
တင်းတင်းဖက်ရင်း...
ကျနော့်ပခုံးပေါ် သူ့မျက်နှာမှောက်ထား၏...."မင်းမရှိရင်....ကိုယ်မနေနိုင်တော့ဘူး...
မင်း....မရှိတော့ရင်....ငါရူးသွားမှာ...."အပြောချည်းသာမဟုတ်....
ကျနော့်ကိုယ်ကို အားဖြင့် တင်း၍တင်း၍...
ဖက်ပြီးသာ......သူဆိုတော့၏.......သူ့ရဲ့အတင်းအကျပ် ပွေ့ဖက်မှုမှာ...
ကျနော် အသက်ရှူကြပ်နေရ၏...."တော်ပါသေးရဲ့.. ...တော်ပါသေးရဲ့
.. .Han ရယ်......"ဟာ.......အသက်ရှူလို့မရတော့ဘူး...
လဒကြီးရဲ့.......အတွေးဖြင့်သာ ရုန်းထွက်နေမိကာ...
လက်တွေ့မှာတော့...
သူ့ရင်ခွင်ထဲက မထွက်ချင်....."ငါ...ညနေက...မင်းငါ့ဆီမှာ...မနေချင်ဘူး
ထင်ပြီး....မင်း..ထွက်သွားမှာ...စိုးလို့....
ကယောင်ကတမ်းနဲ့....ပြောသွားတာ....
ငါ...တောင်းပန်ပါတယ်....."သူကျနော့်ကို မထွက်သွားစေချင်ဘူးလား...
ဒါဆို....သူ ကျနော့်ကို ...
အမြဲ ခေါ်ထားမယ့်သဘောလား......ကိုယ့်မှာတော့....
သူခေါ်မထားချင်ဘူးထင်ပြီး....
ငိုယိုနေမိတာ......
အခန်းမီးပိတ်ပြီးတောင်....ဝမ်းနည်းခဲ့ရတာ...ကျနော့်လိုမဟုတ်ရင်တောင်
သူလည်း ခံစားခဲ့ရမှာပဲ.....သူ့ရင်ခွင်ကနွေးနေပေမယ့်...
ကျနော့်လည်ဂုတ်ကို...
ကိုင်ထားသော သူ့လက်များဆီမှ....
အေးစက်မှုကို အပီအပြင်ခံစားနေရသည်.....
![](https://img.wattpad.com/cover/124484224-288-k675723.jpg)
YOU ARE READING
လိေမၼာ္သီး 🍊 လိမ္မော်သီး 🍊
Fanfictionကျနော့် အချစ်က လိမ္မော်သီးလေး Sehun×Luhan ကျနော့်အချစ်က လိမ္မော်သီးလေး Sehun×Luhan