🍊3

12.4K 1.2K 49
                                    

ညက တစ်​​ရေးနိုးကြီး ထပ်​နိုးသွားတာမို့လားမသိ....
နှစ်​နှစ်​ခြိုက်​ခြိုက်​ ပြန်​အိပ်​​ပျော်​သွားသည်​မှာ.....
ခုထက်​ထိပင်​.....

နေ​ရောင်​စူးစူး​လေးက....ပြတင်း​ပေါက်​မှန်​မှဖြတ်​ကာ
ကျ​နော့်​ဆီ ခစား​နေပြီးဖြစ်​ပါသည်​........

အိပ်​​ရေးမ၀​သေး​သော်​လည်း
နှာဝသို့ ကလူကျီဆယ်​လှ​သော အနံ့သင်းသင်း​ကြောင့်
သိချင်​စိတ်​ပြင်းပြကာ....
အပျင်းဆန့်​ရင်း ထ ထိုင်​မိသည်​.........

အနံ့.....ဟုတ်​တယ်​.......လိ​မ္မော်​သီးနံ့.......
ရုတ်​တရက်​ အံ့သြ မိ​ပေမယ့်
ညက အဖြစ်​အပျက်​တို့အား ပြန်​လည်​အမှတ်​ရမိ​တော့...
မျက်​လုံးတို့က ​သူရှိ​နေမယ့်​ ​နေရာသို့ ကြည့်​မိ၏......

ဟင်​.....သူ ဘယ်​​ရောက်​သွား..........
နေမယ်​ ​ပြောပြီး အခုကျ မရှိ​တော့ပြန်​ဘူး...
ထွက်​သွားတာများလား.......
ထွက်​သွား​တော့လည်း ​ကောင်းတာ​ပေါ့.....
ဝန်​မပိ​တော့ဘူး​ပေါ့......

အ​တွေးတစ်​စွန်းတစ်​စနဲ့ ​​ကျေနပ်​ချင်​ပါ​သော်​လည်း
ညကမြင်​ခဲ့ရ​သော ပိစိ​လေးရဲ့...
မျက်​၀န်း​တောက်​​တောက်​​လေး​တွေ​ကိုအမှတ်​ရ​တော့...
အပြည့်​အ၀မ​ကျေနပ်​နိုင်​..
အမည်​​ဖော်​မရ​သော အလိုမကျခြင်းတို့​ကြောင့်​.......
သူ့ကိုရှာဖို့ အခန်းပြင်​ဆီဦးတည်​ရသည်​......

အပြင်​​ရောက်​​လေ.....ပို​မွှေးသင်းလှ​သော
လိ​မ္မော်​နံ့ အီချိုချို​လေး​ကြောင့်​....
သူ မထွက်​သွား​သေးတာ သိသာလှတာမို့......
ကျေနပ်​မိသည်​.......

အနံ့ရှိရာ ဦးတည်​​လျှောက်​မိ​တော့...........
မီးဖိုထဲက ထမင်းစား​ပွဲ​ပေါ်မှာ
ထိုပိစိ​လေးက အိပ်​​ပျော်​​နေ​လေသည်​.......

ဟူး....အရှုပ်​​လေးက မသွား​သေးဘူးပဲ..........

ထိုင်​ခုံမှာထိုင်​လိုက်​ရင်း......
စားပွဲကို လက်​နဲ့တစ်​ချက်​​တောက်​လိုက်​​တော့.....
အိပ်​​ပျော်​​နေတဲ့ ပိစိ​လေးက.....
တုန်​သွားကာ....လန့်​နိုးလာသည်​........

"ဟင်​......Hyung နိုးပြီလား..... "

မျက်​လုံးနှစ်​ဖက်​ကို လက်​နဲ့ ဘယ်​ညာပွတ်​ကာ....
ထိုင်​ရင်း ​မေးလာ​သော.....
ထိုပိစိ​လေးက......တကယ်​အူယားစရာ​လေး.....

လိ​မ္မော်​သီး 🍊 လိ​မ္မော်​သီး 🍊Hikayelerin yaşadığı yer. Şimdi keşfedin