လူလည်​ လိမ္မော်​သီး🍊

5.5K 615 47
                                        

Han နဲ့ Kyung Soo တို့ အရင်​နေ့က
အတူနေသည့်​ အခန်းကို အခု Sehun နဲ့
Han ကို တစ်​ညပေးနေသည်​။

ကုတင်​မရှိပေမယ့်​ မွေ့ယာထူထူခင်းထားသည့်
အိပ်​ယာ။
သေသပ်​စွာ ခေါက်​တင်​ထားသည့်
အိပ်​ယာခင်းကို မြင်​တော့
ဒါ Kyung Soo Hyung သိမ်းထားတာပဲ
နေမယ်​ဆိုတာ တန်းသိသည်​။

ဟိုကောင်​လေးသာ တစ်​ယောက်​တည်းနေရင်
အမှိုက်​ပုံလိုဖြစ်​နေမှာ အသေအချာပဲ။

သူ ဒီအိမ်​ကို ရောက်​လာတည်းက
အဖွားပြောပြထားလို့  Han အကြောင်း
အကုန်​သိရပြီးပြီ။

သူမရှိတိုင်း လုပ်​ချင်​တာ လုပ်​နေကြောင်းပေါ့။

အဝေးက ရောက်​လာရတဲ့သူကို
အမောဆို့အောင်​ တကယ်​လုပ်​သည်​။

အင်္ကျီစွပ်​ကျယ်​ပါးပါးနဲ့
နေပူထဲသွားထားတော့ အသားတွေနီစက်​ပြီး
ပျက်​စီးနေတာဆိုတာ။

ဖုန်​အလိမ်းလိမ်းကပ်​ထားပုံရသည့်
ဆံသားတွေမှလည်း အနံ့အသက်​က မကောင်း

သူပါလာသည့်​ အဝတ်​တစ်​စုံကို ဗီရိုထဲ
ထည့်​သည်​။

သူစိတ်​ဆိုးမှန်းသိတော့ ကုပ်​ချောင်းချောင်းနဲ့
ပါလာပြီး သူ့မျက်​နှာကို အရိပ်​တကြည့်​ကြည့်

"ရေချိုး ခန်း ဘယ်​မှာလဲ။"

ရှပ်​အင်္ကျီလက်​ရှည်​ကို ဆွဲခေါက်​တင်​ကာ
လှည့်​မေးတော့ ပြူးကြောင်​ကြောင်​နဲ့
လက်​ညှိုးထိုးပြလာသည်​။

ကိုယ့်​ယောက်​ကျားလေးမလို့
ကိုယ်​ပြောတာမဟုတ်​ဘူး။
ဒီလောက်​ညစ်​ပတ်​ စုတ်​ပြတ်​နေတာတောင်
မွှေးမွှေးပေးချင်​စရာ ကောင်းတုန်း။
အင်း  .....ချစ်​စရာကောင်းတုန်းပဲ။

ရေချိုးခန်းထဲက ရေချိုးဇလုံအကြီးထဲကို
ရေဖြည့်​သည်​။

"ဝင်​လာခဲ့။"

ငုတ်​တုတ်​လေးထိုင်​နေရာက
တရွေ့ရွေ့လာသည်​။

"လက်​မြှောက်​။"

စွပ်​ကျယ်​ကို ဆွဲချွတ်​လိုက်​ပြီး

"ကိုယ်​ထည့်​ပေးလိုက်​တဲ့ မျက်​နှာသစ်​ဆေးတို့
ရေချိုးဆပ်​ပြာရည်​တို့ရော။"

လိ​မ္မော်​သီး 🍊 လိ​မ္မော်​သီး 🍊Donde viven las historias. Descúbrelo ahora