"ဒုန်း "
အိပ်ပျော်မှေးစက်နေရာမှ အနီးနားမှာဖြစ်သွားသလို
နားအူထွက်သွားစေသည့် အသံကြောင့်
လန့်နိုးသွားရသည်။ငိုထားသည့်အရှိန်နဲ့ ကိုက်ခဲနေသည့် ခေါင်း၊
မျက်ရိုးတွေကိုပါကိုက်နေတာမို့
ဖိလိုက်ရသေးသည်။အလန့်တကြားမို့ ရင်ပါတုန်ပြီး မောလာသလိုပင်။
ထထိုင်လိုက်၍ ဘေးဘက်သို့ ကြည့်သည့်တိုင်
လူငွေ့မရှိသည့် အိပ်ယာအလွတ်က
သူ့ကို မျက်ရည်ဝဲစေသည်။အရင်လို မချော့သည့်အပြင်
လာပါမအိပ်တော့ဘူးပေါ့။အင်းပေါ့၊
ဒီလောက်ဆိုးမိနေတော့ ပစ်ထားချင်ပြီပေါ့။
ဘယ်လိုကြောင့် ဖူးစာလွဲသွားလားမသိသည့်
အချစ်ဦးလားဘာလား
သူမ လှလှကလည်း ဒီကို အခြေပြန်ချပြီထင်ပါ့။အလွမ်းသယ်နေကြတာလား ဆိုပြီး
သူများတွေပြောတဲ့အထိ
ဘယ်လောက်တောင်
နက်နက်ရှိုင်းရှိုင်း ပက်သက်ခဲ့လို့များပါလိမ့်။မနေနဲ့တော့လို့ နှင်ထုတ်မှာလား။
မနေချင်အောင် တမင် ရက်စက်တော့မှာလား။ဘယ်ဘက် လက်သူကြွယ်ထက် နေရာယူသည့်
လက်စွပ်လေးကို အသာကိုင်ကြည့်ရင်း
တိုး၍ ရှိုက်နေမိသည်။ကျွန်တော် မတရားဆိုးတာ
ခင်ဗျားကြီးအလိုလိုက်လို့လေ။ကျွန်တော်ဆိုးပေမယ့် ခင်ဗျားကို သိပ်ချစ်တာလေ။
နွမ်းလျစွာ ပြန်လှဲချမိသည်။
ထို့နောက် စောင်ကို တင်းတင်းဆုပ်၍ ငိုမိပြန်သည်"Han နိုးပြီလား။"
ကျောဘက်ဆီမှ အသံထွက်လာလျှင်
ကျောခိုင်းထားမိရာ တံခါးဝဘက်ကို
အမြန်လှည့်ကြည့်မိရသည်။"နိုးသွားတာလား
ကိုယ် ခုံရွှေ့တာ ပြုတ်ကျပြီး အသံမြည်သွားတာ။"တိုးလာရင်း သာမန်လိုပဲ စကားသံပြု ပြီးမှ
တစ်စုံတစ်ရာကို သတိထားမိသွားဟန်ဖြင့်
YOU ARE READING
လိမ္မော်သီး 🍊 လိမ္မော်သီး 🍊
Fanfictionကျနော့် အချစ်က လိမ္မော်သီးလေး Sehun×Luhan ကျနော့်အချစ်က လိမ္မော်သီးလေး Sehun×Luhan