"အေးလိုက်တာ Han ရယ်။"
ရေချိုးခန်းထဲက ထွက်ကာ သူငြီးလိုက်တော့
Han က ကုတင်ထက်မှာ စောင်နဲ့ ကွေးနေရင်း
ပြူးကြောင်ကြောင်လေး ကြည့်လာသည်။
တဘတ်နဲ့ ရေသုတ်ပြီး ဗီရိုထဲမှ ထူထဲသည့်
အနွေးဝတ်များကို ထုတ်ဝတ်ရသည်။
"Han လေး။"
"အာ့...အေးတယ်...လာမထိနဲ့"
လည်တိုင်ကို လက်နဲ့ သွားထိလိုက်တော့
အေးသွားပြီး တွန့်လိမ့်ရှောင်သည်။
"ရေမချိုးသေးဘူးလား Han ။"
Han က အနွေးထည်အင်္ကျီ ခေါင်းစွပ်လေးကို
စွပ်လိုက်ပြီး ခေါင်းခါသည်။
"အေးတယ် ...မချိုးတော့ဘူး ဒီနေ့"
ထုံးစံအတိုင်း ဆိုလာတာမလို့
Sehun တစ်ယောက် အကြံထုတ်ရလေပြီ။
စပြီး အေးတဲ့နေ့ကတည်းကနေ
အခုထိဆိုရင် Han ရေမချိုးတာ ၅ရက်။
အရင်ရက်တွေက သူ ရုံးတက်ရတာမလို့ လွှတ်ထားပေမယ့်
အခု ရုံးပိတ်ရက်ရောက်သည့်အခါမှာတော့
မရမက ရေချိုးခိုင်းရမည်။
အပူကန်ပြီး ပိကျိလေးက လည်ချောင်းတွေပါ နာနေပြီမို့။
"ချိုးလိုက်ပါ Han ရဲ့။
ကိုယ်တောင် ချိုးပြီးပြီ
ခဏလေးပဲလေ....တွေ့လား။"
"ဟင့်အင်းနော်...Hun လို လူကြီးတောင်
အေးတယ်လို့ အော်နေတဲ့ဟာကို။
ကျွန်တော်က ပိုအေးမှာပေါ့....မချိုးဘူး။"
ပြောရင်းပင် စောင်ထူထူကြီးကို
ရင်ဘတ်ထိ ဆွဲတင်ခြုံလိုက်လေပြန်သည်။
"ကိုယ်ရေနွေးစပ်ပေးထားတယ်လေ Han ရဲ့။
ခဏလေးပဲကွာနော်။"
"မချိုးပါဘူး ဆိုဟာ။
အရမ်းပဲ ....ချိုးခိုင်းနေတာပဲ...မချိုးဘူး။"
စူပုပ်ကောက်ချိတ်လေးကတော့ ခါးခါးသီးသီးကို
ငြင်းဆန်နေတာပဲ။
"ဒီမှာ ကိုယ်ပြောပြမယ်။"
"ဟင့်အင်း ....မပြောနဲ့။"
သူ အနားတိုးကပ်တာကိုတောင် အကပ်မခံ။
ရင်ဘတ်ကို လက်တစ်ဖက်နဲ့ ထောက်ကန်တွန်းထားဆဲ။
"အေးကွာ...မချိုးလည်းနေ...
ကိုယ်က ပြီးရင် အပြင်မှာ မုန့်သွားစားမလို့။
မလိုက်ရဘူးမှတ်။"
VOCÊ ESTÁ LENDO
လိမ္မော်သီး 🍊 လိမ္မော်သီး 🍊
Fanficကျနော့် အချစ်က လိမ္မော်သီးလေး Sehun×Luhan ကျနော့်အချစ်က လိမ္မော်သီးလေး Sehun×Luhan
