🍊4

10.9K 1.2K 37
                                    

Jongin က အတင်းကျ​နော့်​နားကပ်​ကာ
တရှုံ့ရှုံ့နဲ့ကပ်​လာသည်​မို့.......
မနည်း​ရှောင်​တိမ်းရင်း......
အာရုံလွဲ​သွား​အောင်​ ကြံရ​တော့သည်​.....

"အဟမ်း......ဟမ်း.....
Jongin မင်းလက်​ထဲကဘာ​တွေလဲ........
ကြက်​​ကြော်​​တွေမလား......"

ဒီ​တော့မှ သူကလက်​ထဲက အထုပ်​ကို
ငုံ့ကြည့်​ရင်း.....

"အမ်​.....အင်းအင်း.....
မင်းဘာမှမစားရ​သေးဘူးမလား....
တူတူစားရ​အောင်​....."

သူက​ပြောရင်းဆိုကာမီးဖို​ခန်းထဲဝင်​သွားသည်
အင်း........Kim Jongin ကို​ပြောင်းလဲ​စေနိုင်​တာ
ကြက်​​ကြော်​ပဲရှိတာကိုး........

သူ့​နောက်​ကလိုက်​ပါရင်း.....
သက်​ပြင်း​မောတစ်​ခု ချကာ......
သူ့ကို ဘယ်​လိုကဘယ်​လို
နိဒါန်းချီ​ပြောပြရမလဲ ကြံရွယ်​​နေတုန်း.......

"အား......................"

ကျ​နော့်​​ရှေ့မှ ၀င်​သွား​သော
Jongin ရဲ့ အသံပြဲုကြီး​ကြောင့်
လန့်​ဖျပ်​သွားရသည်​မို့.......
သူ့​ရှေ့​ရောက်​​အောင်​​ပြေးကာ.......
မီးဖိုခန်းကို စစ်​​ဆေးကြည့်​ရသည်​...........

"ဘာ......ဘာဖြစ်​တာလဲ......"

"Se......Sehun.....သ....သရဲ....သရဲ...."

အင်​.......ဟိုပိစိ......ဟိုပိစိများလား.....

"မ......မလန့်​နဲ့......ငါ......ငါရှင်းပြမယ်​......"

Kim Jongin မှာ အရမ်းလန့်​​နေပုံ​ပေါ်တာမို့.....
စားပွဲ​ပေါ်က ​ရေခွက်​ကို ​ရေအပြည့်​ဖြည့်​ရင်း
သူ့ဆီကမ်း​ပေးရသည်​..........

"​ရော့.......​ရော့.......ဒါ​လေးကုန်​​အောင်​​သောက်​"

သူက ​ရေကို တဂွပ်​ဂွပ်​မြည်​​အောင်
 မြိုချ​သောက်​ရင်း.......

"Sehun......ငါ.......ငါ​လေ......
အရင်​ကလည်း ဒီမှာ​နေတာပဲ​လေ....
ဒီ.....ဒီ​နေ့မှ.....ကံနိမ့်​လို့ပဲလားမသိဘူး......
သ.....သရဲ.....မြင်​လိုက်​ရတယ်​......."

ကျ​နော်​မျက်​လုံး​တွေပါပြူးလာသည်​.......
ဟိုပိစိကိုမြင်​လိုက်​ရတာ​နေမှာ....
ဟိုပိစိကိုလည်း  စိတ်​တိုလာသည်​.....
ပုန်း​နေပါလို့​ပြော​နေတဲ့ကြားက........

လိ​မ္မော်​သီး 🍊 လိ​မ္မော်​သီး 🍊Where stories live. Discover now