🍊နာကျင်​မှု 🍊

7.9K 819 30
                                        

"Jongin မင်း...သိလား......"

"​အေး.....သိတယ်​ဆို.....သိတယ်​ဟ....."

ဘယ်​နှကြိမ်​မှန်းမသိ​တော့သည့်
စကားကိုအစချီကာ ​ပြောရန်​ဟန်​ပြင်​သည့်
Sehun က အရက်​တစ်​ခွက်​ကို​မော့ရင်း...
ဆိုလာပြန်​သည်​........

စကားမဆက်​​စေရန်​ ပိတ်​လိုက်သည့်​တိုင်​......
ထိုင်​ခုံ​ပေါ် ​နောက်​ပြန်​​ခေါင်းမှီချလိုက်​၍
ခပ်​သဲ့သဲ့ရယ်​သည်​..........

"ငါ့ကို မူး​နေတယ်​ထင်​တာလား....
ငါ မမူးဘူး​နော်​.....ငါရစ်​​နေတာမဟုတ်​ဘူး......
ငါ့ရင်​​တွေနာလို့......."

ရင်​ဘတ်​ကိုထုကာ နာနာကျင်​ကျင်​ဆိုပြန်​သည်​......

"မင်းကလည်းကွာ က​လေးကို....
အဲ့လို အပြစ်​မမြင်​ပါနဲ့....."

"ဟိုးထား....ဟိုးထား..ဆရာ​ရေ.....
ဒီစကားကို သူ့​ရှေ့သွားမ​ပြောနဲ့.......
က​လေးမဟုတ်​ဘူး......​ယောက်ျားတဲ့...ယောက်ျားတဲ့"

ခပ်​ကျယ်​ကျယ်​ တဟားဟားရယ်​ပြန်​ပါသည်​.......

"Sehun ရာ.....
မင်းသူ့ကို အဲ့​လောက်​ကြီး အထင်​မလွဲပါစမ်းနဲ့...
သူ​ပြောတာလည်း ဟုတ်​တာပဲ......
သူက ငယ်​​ပေမယ့်​ ​ယောက်ျားပဲ​လေ......."

Sehun က Jongin ကို ပြန်ကြည့်​လာပြီး......

"ငါသိတယ်​.....ငါသိတယ်​....
သူ​ယောက်ျား​လေးမှန်းငါသိတယ်​.....
ငါသူ့ကိုဂရုစိုက်​တယ်​ဆိုတာ
သူ့ကိုမိန်းမလို့မြင်​​နေတာမဟုတ်​ဘူး.....
ငါသူ့ကို ချစ်​လွန်းလို့
ဘယ်​လိုမှအထိခိုက်​မခံ​စေချင်​တာ.......မင်းသိလား"

Sehun က Han ကို ဘယ်​​လောက်​ချစ်​လဲ
သူသိတာမို့.....အပြစ်​လည်းမတင်​ရက်​ပြန်​.......

"အခု....သူက​လေ.....ငါ့ဂရုစိုက်​မှု​တွေကို...
မလိုချင်​​တော့ဘူးထင်​တယ်​......
ငါမရှိလည်း သူရပ်​တည်​နိုင်​ပြီနဲ့တူတယ်​......"

"မဟုတ်​တာပဲ Sehun ရာ......"

ခပ်​တိုးတိုးသက်​ပြင်းသာချရသည်​.......

"သူငါ့​စေတနာ​တွေကို ​စော်​ကားလိုက်​တာ.....
မင်းသိလား.......သူငါ့ကို မလိုအပ်​​တော့တာ....."

လိ​မ္မော်​သီး 🍊 လိ​မ္မော်​သီး 🍊Donde viven las historias. Descúbrelo ahora