အလွမ်း

664 39 1
                                        

"Hun..... ကျနော် နေမကောင်းဘူး....."

အိမ်ပြန်လာသည်နှင့် ဆီးကြိုမှီတွဲကာ.....
သူ့နဖူးငယ်အား ကျနော့်လက်ဖြင့်စမ်းစေသည်......

"Han ရယ်....ကိုယ် အခု ခရီးထွက်ရတော့မှာ..."

နွေးတေးတေး ခန္ဓာကိုယ်လေးကို.......
ရင်ခွင်ထဲဆွဲဖက်ကာ.....
နဖူးထက်အနမ်းခြွေမိသည်........

"မသွားလို့မရဘူးလား.....ဟင်....."

တောင်းဆိုသော အသံဖျော့ဖျော့ကြောင့်
ခြေလှမ်းတို့ တုံ့ဆွဲချင်ပါသော်လည်း.......

"အခုကိစ္စက ကိုယ်ကိုယ်တိုင် ဖြေရှင်းရမှာမို့ပါ..
Han...ရယ်...၃ ရက်လောက်ပဲကြာမှာပါ......"

ဖြေသိမ့်စကားဆိုသော်လည်း...
လိမ္မော်သီးငယ်လေးသည်ကား.....
မျက်တောင်အဖျက်ဖျက်ခတ်နေသည်က...
ငိုချင်လာပုံ......

"ဒါဆို...ကျနော်လိုက်မယ်....."

ခရီးဆောင်အိတ်ထဲ အဝတ်တွေထိုးထည့်နေသော
ကျနော့်လက်အား....လာဆွဲကိုင်ကာ.......
သူတောင်းဆိုပြန်ပါ၏.......

"မရဘူး....Han ရဲ့ ......
ဟိုက ရာသီဥတုနဲ့....
Han နဲ့ အဆင်ပြေမှာမဟုတ်ဘူး....
နေမကောင်းဖြစ်မှာ....."

အခုတောင် ကိုယ်လေးနွေးတဲ့ဟာ.....

ကျနော့်စိတ်ပူပန်စကားကို...
သူတဖန်...တွေးပြန်ပါ၏...........

"ဘာလဲ.....ဘာလို့မခေါ်တာလဲ...
အလုပ်ဖော်......မိန်းမတွေ ပါလို့မလား......"

"Hannn....."

အသံမာမာနဲ့အော်လိုက်တော့...........
မျက်ရည်တွေအိုင်ထွန်းနေတဲ့....မျက်လုံးလေးနဲ့..
ပင့်မော့ကြည့်လာသည်.......

ပခုံးကို ဆွဲသိမ်းဖက်ကာ.....

"ဟိုမှာ...Han အဆင်မပြေမှာစိုးလို့ပါ....."

တံခါးပေါက်ဝအထိ..ကျနော့်လက်မောင်းကြားထဲက
သူ့ ခန္ဓာကိုယ်လေးကို ရုန်းဖယ်ကာ....
ပါလာသည်.......

"Sehun....."

အိမ်ဘက်ကူးလာသော.....Kyung Soo Hyung.

"Han ကို ဂရုစိုက်ပေးပါ....နော် ....."

သေချာအပ်လိုက်ပြီး.....
လိမ္မော်သီး လေးဘက်လှည့်ကြည့်တော့.....
နှပ်တရှုံ့ရှုံ့.........

လိ​ေမၼာ္​သီး 🍊 လိ​မ္မော်​သီး 🍊Donde viven las historias. Descúbrelo ahora