.
"Hyung.....အင်း.....ရောက်ပြီလား....."
ကျောပေါ်က ကောင်ငယ်လေးက
အသာဆင်းလေသည်.......
"အာ့.....နာ...တယ်....."
မတ်တပ်ရပ်ကနေ.....ဒူးလေးကွေးကာ.....
ညည်းညူ နေရှာတဲ့ ကောင်လေး........
"အရမ်း....နာနေလား.....ခဏစောင့်...."
အိမ်တံခါးအမြန်ဖွင့်ရသည်........
"အာ့.....စပ်တာ....."
ဒူးလေးကို ဆေးလိမ်းပေးနေတော့.....
မျက်ရည်လေးတဝဲလည်လည်ဖြင့်
ငြီးရှာသည်........
"အဟင့်....ဟင့်.....စပ်တယ်လို့......."
လေလေးအသာမှုတ်ပေးတော့
အနည်းငယ် သက်သာသွားပုံရသည်......
"ပြီးပြီ......."
ပလာစတာကပ်ပြီးသည်နှင့်......
သူထိုင်နေတဲ့ကုတင်ရှေ့မှာ ဒူးထောက်နေရာက
ပြန်ထ ထွက်လာလိုက်တော့.......
"ဟို......ကျွန်တော်.....
ဒီည ပန်းကန်တွေ မဆေးလည်း
ရတယ် မဟုတ်လားဟင်....."
မျက်တောင်ပုတ်ခတ်ခတ်လေးကို
ငေးမောကြည့်မိနေတုန်း......
"ကျွန်တော်.....နာနေတယ်....လေ....
အာ့ မဆေးနိုင်ဘူးလို့......."
ဒူးလေးကို အသာကိုင်ကာ.....
အောက်နှုတ်ခမ်းလေးကို ထော်လို့...
ပြောနေတာက ငိုမဲ့မဲ့........
"ကျွန်တော် အိမ်အလုပ်မလုပ်လည်း......
ညနေစာတော့ ကျွေးမယ်မဟုတ်လား....ဟင်"
"ဘယ်လို......"
သူ့မျက်စိထဲ ကျနော်က သဘောဆိုးတဲ့
အလုပ်ရှင်မျိုးလား.....
"ဟင့်......ကျွန်တော် သက်သာတဲ့အခါ.......
ပေါင်းလုပ်ပါ့မယ်....."
မျက်ရည်တစ်စက်ဆင်းလာတာကို...
လက်ခုံဖြင့် အလျင်အမြန်ဆွဲသုတ်ရင်း
သူပြောပြန်သည်......
"မင်း......"
မင်းငါ့ကို ဘယ်လိုကောင်ဖြစ်အောင်...
ပြောနေမှာလဲ.....
စိတ်ဆိုးမာန်ဆိုးနဲ့.......သူ့ပခုံးနှစ်ဖက်အား
သွားရောက် ဆုပ်ကိုင်မိသည်.......
အားရပါးရ.......လှုပ်ယမ်းကာ.....
မင်းငါ့ကို မကောင်းတဲ့လူထင်နေလား ဆိုပြီး
အော်အော် ပြော ချင်နေပေမယ့်.......
YOU ARE READING
လိေမၼာ္သီး 🍊 လိမ္မော်သီး 🍊
Fanfictionကျနော့် အချစ်က လိမ္မော်သီးလေး Sehun×Luhan ကျနော့်အချစ်က လိမ္မော်သီးလေး Sehun×Luhan
