ညက တစ်ရေးနိုးကြီး ထပ်နိုးသွားတာမို့လားမသိ....
နှစ်နှစ်ခြိုက်ခြိုက် ပြန်အိပ်ပျော်သွားသည်မှာ.....
ခုထက်ထိပင်.....နေရောင်စူးစူးလေးက....ပြတင်းပေါက်မှန်မှဖြတ်ကာ
ကျနော့်ဆီ ခစားနေပြီးဖြစ်ပါသည်........အိပ်ရေးမဝသေးသော်လည်း
နှာဝသို့ ကလူကျီဆယ်လှသော အနံ့သင်းသင်းကြောင့်
သိချင်စိတ်ပြင်းပြကာ....
အပျင်းဆန့်ရင်း ထ ထိုင်မိသည်.........အနံ့.....ဟုတ်တယ်.......လိမ္မော်သီးနံ့.......
ရုတ်တရက် အံ့သြ မိပေမယ့်
ညက အဖြစ်အပျက်တို့အား ပြန်လည်အမှတ်ရမိတော့...
မျက်လုံးတို့က သူရှိနေမယ့် နေရာသို့ ကြည့်မိ၏......ဟင်.....သူ ဘယ်ရောက်သွား..........
နေမယ် ပြောပြီး အခုကျ မရှိတော့ပြန်ဘူး...
ထွက်သွားတာများလား.......
ထွက်သွားတော့လည်း ကောင်းတာပေါ့.....
ဝန်မပိတော့ဘူးပေါ့......အတွေးတစ်စွန်းတစ်စနဲ့ ကျေနပ်ချင်ပါသော်လည်း
ညကမြင်ခဲ့ရသော ပိစိလေးရဲ့...
မျက်ဝန်းတောက်တောက်လေးတွေကိုအမှတ်ရတော့...
အပြည့်အဝမကျေနပ်နိုင်..
အမည်ဖော်မရသော အလိုမကျခြင်းတို့ကြောင့်.......
သူ့ကိုရှာဖို့ အခန်းပြင်ဆီဦးတည်ရသည်......အပြင်ရောက်လေ.....ပိုမွှေးသင်းလှသော
လိမ္မော်နံ့ အီချိုချိုလေးကြောင့်....
သူ မထွက်သွားသေးတာ သိသာလှတာမို့......
ကျေနပ်မိသည်.......အနံ့ရှိရာ ဦးတည်လျှောက်မိတော့...........
မီးဖိုထဲက ထမင်းစားပွဲပေါ်မှာ
ထိုပိစိလေးက အိပ်ပျော်နေလေသည်.......ဟူး....အရှုပ်လေးက မသွားသေးဘူးပဲ..........
ထိုင်ခုံမှာထိုင်လိုက်ရင်း......
စားပွဲကို လက်နဲ့တစ်ချက်တောက်လိုက်တော့.....
အိပ်ပျော်နေတဲ့ ပိစိလေးက.....
တုန်သွားကာ....လန့်နိုးလာသည်........"ဟင်......Hyung နိုးပြီလား..... "
မျက်လုံးနှစ်ဖက်ကို လက်နဲ့ ဘယ်ညာပွတ်ကာ....
ထိုင်ရင်း မေးလာသော.....
ထိုပိစိလေးက......တကယ်အူယားစရာလေး....."အင်း.....မင်းဒီမှာဘာလုပ်နေတာလဲ......."
ခပ်လေးလေးအင်းရင်း မေးလိုက်တော့.......
သူက သွားကိုဖြီးပြပြန်ပါသည်.......
အမျိုးမျိုးလုပ်တတ်တဲ့ရုပ်လေးဟာလေ......
![](https://img.wattpad.com/cover/124484224-288-k675723.jpg)
YOU ARE READING
လိေမၼာ္သီး 🍊 လိမ္မော်သီး 🍊
Fanfictionကျနော့် အချစ်က လိမ္မော်သီးလေး Sehun×Luhan ကျနော့်အချစ်က လိမ္မော်သီးလေး Sehun×Luhan