နားထဲကို တစီစီ တိုးဝင်နေတဲ့ အသံတွေက ကြားသာရုံလေး။
အိပ်မက်လိုလို လက်တွေ့လိုလိုနဲ့ ဘယ်လိုမှ ချိတ်ဆက်မရဘဲ
မျက်လုံးတွေကို အားယူဖွင့်ကြည့်လို့လည်းမရ။လေးလံတဲ့ မျက်ခွံတွေကို ပင့်မကြည့်ဖို့ မကြိုးစားနိုင်တော့ဘဲ
သူတဖန် ပြန်လည် အိပ်စက်သွားမိပြန်တော့သည်။အစက နာရီနှိုးစက်သံဟုထင်နေမိပြီး
နာရီနှိုးစက်ရှိရာကို လက်ဖြင့် လှမ်းစမ်းမိသည်။အိပ်မက်ကမ္ဘာမှနေ ဖြည်းဖြည်းချင်း ရုန်းထွက်နိုင်လာလေ
ထိုအသံတွေဟာ နာရီနှိုးစက်သံမဟုတ်နိုင်မှန်း ခန့်မှန်းနိုင်လေ။"HUN...."
အသိအာရုံတွေ ဖြတ်ကနဲ လန့်နိုးသည်။
စေးကပ်နေသလားထင်ရလောက်အောင်
ဖွင့်ခွာမရသည့် မျက်ခွံတွေကို ဆတ်ကနဲ ဖွင့်ပစ်လိုက်မိသည်။"Han...ဘာလုပ်နေတာလဲ အဲ့ဒါ။"
လန့်နိုးသွားတာမလို့ တုန်ခါသွားတဲ့ ရင်ဘတ်ထဲက
နှလုံးခုန်သံတွေ။ညက အိပ်ယာဝင်နောက်ကျသည့်ကျေးဇူးဖြင့်
မူးဝေနေတဲ့ ခေါင်းကြောင့် သူ့မျက်နှာသည် သုန်မှုန်မိသွားသည်။"ဟင်...Hun စိတ်ဆိုးသွားပြီလား..."
လက်ထဲက ကိုင်ထားတဲ့ လော်အသေးစားလေးကို
ဘေးခုံပေါ် ပစ်ချကာ မျက်နှာငယ်ကျသည့် ပိကျိလေး။အပြင်အဆင်ကိုကြည့်တာနဲ့ သူသိလိုက်ပြီ။
မနက်က သူတစ်ချက်ချက် ကြားနေတဲ့ အသံတွေဟာ
ဒီကောင်လေး ရေချိုးပြင်ဆင်နေလို့ ကြားရတာဖြစ်နိုင်မည်။"Han ကလေ...Hun ကို အိပ်ရေးပျက်စေချင်လို့ မဟုတ်ပါဘူး။
သိလား...Hun စိတ်မဆိုးနဲ့နော်။
Hun က အိပ်ယာမထသေးဘဲ
ကျွန်တော့်ကိုလည်း ပစ်ထားသေးတယ်။
အပြစ်တွေလုပ်ထားတာက Hun မလို့
ကျွန်တော့်ကို စိတ်ဆိုးလို့ မရဘူးလေ သိတယ်မလား။
စိတ်မဆိုးရဘူးနော်။"ခြုံထားတဲ့ စောင်ကို ခွာချလိုက်ကာ
ခေါင်းရင်းထက်က ကြိုးစကိုဆွဲပြီး ပြတင်းလိုက်ကာကို
ဖွင့်လိုက်မိသည်။"သိတယ်မလားလို့...
အပြစ်လုပ်ထားပြီးရင် စိတ်ဆိုးလို့မရတော့ဘူးလေ။"
YOU ARE READING
လိမ္မော်သီး 🍊 လိမ္မော်သီး 🍊
Fanfictionကျနော့် အချစ်က လိမ္မော်သီးလေး Sehun×Luhan ကျနော့်အချစ်က လိမ္မော်သီးလေး Sehun×Luhan