🍊အလွမ်း🍊

9.4K 883 62
                                        

"Hun..... ကျ​နော်​ ​နေမ​ကောင်းဘူး....."

အိမ်​ပြန်​လာသည်​နှင့်​ ဆီးကြိုမှီတွဲကာ.....
သူ့နဖူးငယ်​အား ကျ​နော့်​လက်​ဖြင့်​စမ်း​စေသည်​......

"Han ရယ်​....ကိုယ်​ အခု ခရီးထွက်​ရ​တော့မှာ..."

နွေး​တေး​တေး ခန္ဓာကိုယ်​​လေးကို.......
ရင်​ခွင်​ထဲဆွဲဖက်​ကာ.....
နဖူးထက်​အနမ်း​ခြွေမိသည်​........

"မသွားလို့မရဘူးလား.....ဟင်​....."

တောင်းဆို​သော အသံ​ဖျော့​ဖျော့​ကြောင့်
ခြေလှမ်းတို့ တုံ့ဆွဲချင်​ပါ​သော်​လည်း.......

"အခုကိစ္စက ကိုယ်​ကိုယ်​တိုင်​ ​ဖြေရှင်းရမှာမို့ပါ..
Han...ရယ်​...၃ ရက်​​လောက်​ပဲကြာမှာပါ......"

ဖြေသိမ့်​စကားဆို​သော်​လည်း...
လိ​မ္မော်​သီးငယ်​​လေးသည်​ကား.....
မျက်​​တောင်​အဖျက်​ဖျက်​ခတ်​​နေ​သည်​က...
ငိုချင်​လာပုံ......

"ဒါဆို...ကျ​နော်​လိုက်​မယ်​....."

ခရီး​ဆောင်​အိတ်​ထဲ အ၀တ်​​တွေထိုးထည့်​​နေ​သော
ကျ​နော့်​လက်​အား....လာဆွဲကိုင်​ကာ.......
သူ​တောင်းဆိုပြန်​ပါ၏.......

"မရဘူး....Han ရဲ့ ......
ဟိုက ရာသီဥတုနဲ့....
Han နဲ့ အဆင်​​ပြေမှာမဟုတ်​ဘူး....
နေမ​ကောင်းဖြစ်​မှာ....."

အခု​တောင်​ ကိုယ်​​လေး​နွေးတဲ့ဟာ.....

ကျ​နော့်​စိတ်​ပူပန်​စကားကို...
သူတဖန်​...​တွေးပြန်​ပါ၏...........

"ဘာလဲ.....ဘာလို့မ​ခေါ်တာလဲ...
အလုပ်​​ဖော်​......မိန်းမ​တွေ ပါလို့မလား......"

"Hannn....."

အသံမာမာနဲ့​အော်​လိုက်​​တော့...........
မျက်​ရည်​​တွေအိုင်​ထွန်း​နေတဲ့....မျက်​လုံး​လေးနဲ့..
ပင့်​​မော့ကြည့်​လာသည်​.......

ပခုံးကို ဆွဲသိမ်းဖက်​ကာ.....

"ဟိုမှာ...Han အဆင်​မ​ပြေမှာစိုးလို့ပါ....."

တံခါး​ပေါက်​၀အထိ..ကျ​နော့်​လက်​​မောင်းကြားထဲက
သူ့ ခန္ဓာကိုယ်​​လေးကို ရုန်းဖယ်​ကာ....
ပါလာသည်​.......

"Sehun....."

အိမ်​ဘက်​ကူးလာ​သော.....Kyung Soo Hyung.

"Han ကို ဂရုစိုက်​​ပေးပါ....​နော်​ ....."

လိ​မ္မော်​သီး 🍊 လိ​မ္မော်​သီး 🍊Nơi câu chuyện tồn tại. Hãy khám phá bây giờ