12💞

5.7K 676 44
                                    

အဖြူ လွှလွှရှပ်​အကျင်္ီက သူနဲ့မတော်​ရော်​သည်​မို့
ဖို့ရို့ဖားယားဖြစ်​နေသည်​။

ကြယ်​သီးအပြည့်​မတပ်​ထားသည်​မို့
ရင်​ဘတ်​ဖြူ ဥဥလေးသည်​ကား
သူတစ်​လှမ်းလှမ်းတိုင်း အင်္ကျီအောက်​က
လှစ်​ကနဲပေါ်သည်​။

ရေချိုးခေါင်းလျှော်​ထားသည်​မ်ို့
ရေမခြောက်​တခြောက်​ ဆံသားတို့ကလည်း
နဖူးထက်​ လွင့်​ကျနေသည်​။

သူဒီလို ဝတ်​ရင်​ Hunက တအားသဘောကျတယ်​။
ပြီးတော့ စနေနေ့ညတိုင်း သူနဲ့ Hun ရဲ့
အချစ်​တွေကို ဖော်​ကြူးနေကျ ။

လှေကားကနေ လွင့်​နေအောင်​ဆင်းသည့်​အခါ
အတွင်းကဘောင်းဘီတိုလေးဝတ်​ထားသည်​မို့
ပေါင်​တစ်​ဝက်​ဖုံးရုံရှိသည့်​ ရှပ်​အဖြူ အောက်​က
ပေါင်​သွယ်​သွယ်​လေးက လှစ်​ပြူ လာသည်​။

ဖြူ စင်းတဲ့ပေါင်​တံတွေဟာ မကြာခင်​မှာပဲ
Hun ရဲ့ နှုတ်​ခမ်းတွေကြောင့်
အရောင်​တွေစွန်းတော့မှာပင်​။

"Hun "

ထမင်းစားပြီးတည်းက စာဖတ်​ခန်းထဲဝင်​သွားတဲ့
Hun ဟာ ခုထိ အပြင်​ကိုမရောက်​သေးပါလား။

စာကြည့်​ခန်းတံခါးကို အသာဖွင့်​သည်​။

လပ်​ပ်​တော့ကို တတောက်​တောက်​နှိပ်​နေတဲ့ Hun
က တစ်​ချက်​မှ မငဲ့ကြည့်​လာသည့်​အခါ
သူ့စိတ်​ထဲ အနည်းငယ်​ ရှုပ်​သွားရသည်​။

အို ဘာဖြစ်​လဲ။
Hun က သူ့ကိုချစ်​တာ သူသိသားပဲ။

"မအိပ်​သေးဘူးလား Han "

အသံပြု မေးရုံဖြင့်​ အဖက်​လုပ်​သူအား
သူနှုတ်​ခမ်းစူလျက်
နောက်​ကျောမှ သိုင်းဖက်​လိုက်​သည်​။

"Hun နဲ့မှ အိပ်​မှာ ။"

ဒီလိုညဟာ သူတို့အတွက်
ဘယ်​လောက်​အဖိုးတန်​ပြီး ရင်​ခုန်​ရလဲဆိုတာကို
Hun မေ့နေတာလား။

"ကိုယ်​က နောက်​ကျမှာ Han ရဲ့။"

နောက်​ဘက်​ဆီမှ မြင်​နေရတဲ့
မျက်​တောင်​လေးတွေ။
Laptop screen ပေါ်ကို အာရုံစို​က်​ထားပုံရသည့်
နှုတ်​ခမ်းဟဟလေး။

လိ​မ္မော်​သီး 🍊 လိ​မ္မော်​သီး 🍊Donde viven las historias. Descúbrelo ahora