အချွဲ

802 38 1
                                    

"Han.....ရေ........"

ဒုံးပေကတ်သတ်ဖြင့် ပေတေနေသူအား...
ကျနော့်မှာ....အာပေါက်မတတ်ခေါ်ရပြန်သည်......

"Han.....လိမ်မာတော့မှာဆို.....ကိုယ့် Hannieက"

အိပ်ရာပေါ်မှာ စောင်ခေါင်းမြီးခြုံလျက်သာ.......
ငြိမ်နေပြန်ပါ၏.........

ပိကျိလေး၏.....ဆေးသောက်ပါ့မယ်ဟူသော..
စကားသည်.....လွန်ခဲ့သော....နာရီဝက်ခန့်ကပင်
အကျုံးဝင်ခဲ့ပါသည်.......

ချစ်မိသမျှ ရင်ဖွင့်မိသော.....ကျနော်......
ကျနော့်အချစ်ကို အားကိုး၍....ဆိုးနေသော Han..

"စောင်ကြီး ဖွင့်ပါဦး.....Han....ရဲ့......."

အားသုံးကာ...ဆွဲလှန်လိုက်ရင် ရပေမယ့်......
ကျနော် မကြိုးစားမိ.......

စိတ်ပျော်သလိုနေပါစေဟူ၍...
အစွမ်းကုန်အလိုလိုက်ဖို့သာ....
ကျနော် ကြံရွယ်နေမိသည်....

"Han....ရယ်....ထပါ....ဆေးတစ်လုံးတည်းပါ..."

"ဟင့်အင်း.....မသောက်ဘူး...ဆို....မသောက်ဘူး..."

အသံထွက်လာပြီဆိုတော့....
အခြေအနေကောင်းလာပြီဆိုသည့်သဘောမို့.......

စောင်ကြီးထဲဝင်နေသော.....လိမ္မော်သီးငယ်အား
ဖက်ထားလိုက်မိသည်.........

"ခုနကတော့......သောက်မှာဆို....
Sang Namja ဆိုတာ ကတိတည်ရတယ်လေ...
Han....ရဲ့......"

ကျနော့်စကားက....ထိရောက်ပါသည်.......
စောင်ကို အသာလေးလှစ်ဟကာ.......
ခေါင်းပိုင်းလေး....ပေါ်လာသည်........

"Han က Sang Namja မလား......
လိမ်မာပါတယ်......သောက်နော်......"

ကျနော် ချော့ကာ....ပြော၍......
မျက်လုံးလေးပေကလပ်ပေကလပ်ဖြစ်နေသူအား
နဖူးလေးကို....အသာနမ်းမိသည်.......

"မသောက်ပါဘူး....Kyung Soo Hyung တို့ကို
မသောက်ဘူးလို့ပြောထားတာ...ဟိုးရက်တည်းက...
Hun.ကိုက ခုနကမှပြောတာ....
အရင်ကတိကိုပဲတည်မှာ......"

သေရောဟ......
ဒီပိကျိလေးကို....သူဘယ်လိုချော့တိုက်ရမလဲ.......

"ဟုတ်ပြီ....ဟုတ်ပြီ......မတိုက်တော့ဘူးနော်......"

"တကယ်လား......"

စောင်ကိုတွန်းဖယ်ကာ....ထလာသည်.......

လိ​ေမၼာ္​သီး 🍊 လိ​မ္မော်​သီး 🍊Tempat cerita menjadi hidup. Temukan sekarang