🍊5

824 92 0
                                    

အခါမဟုတ်ပါပဲ ရွာလေသောမိုး......
မိုးသားတစ်ပြင်လုံး အုံ့မှိုင်းကာ......
ဘယ်တော့မှ တိတ်မည်လော ခန့်မှန်းလို့မရအောင်ပင်
သည်းသည်းမည်းမည်း ရွာနေလေသောမိုး.......

မြေညီထပ်က အခန်းပေမို့လား.....
အအေးဓာတ်ကို ပိုခံစားနေရသယောင်........

ပြတင်းကို မပိတ်ထားခဲ့မိလေသော...
အိမ်ရှင်ရဲ့ ပေါ့ဆမှုကြောင့်.....
လေပြင်းပြင်းတိုက်ခတ်တဲ့အခါ....
မိုးစက်မိုးပေါက်တို့ဟာ..ပြတင်းမှတစ်ဆင့်....
အိပ်ခန်းတွင်းသို့ ဝင်ရောက်နေပြန်၏........

အုံ့မှိုင်းလာသော ကောင်းကင်ကြောင့်ရော....
မစောတော့သော....အချိန်တွေကြောင့်ရော....
မီးအိမ်ခပ်မှိန်မှိန်ကိုသာ ထွန်းထားတာကြောင့်ရော....
အိမ်ခန်းအတွင်းဟာ.....
မှိုန်ပျပျ ဖြစ်နေသည်မှာ....ထိတ်လန့်ဖွယ်ရာပင်......

လျှပ်စီးလက်လိုက်သည့် အခါမျိုးဆိုရင်....
ထိုအိမ်ခန်းရဲ့ ထောင့်လေးမှာ.....
ဒူးပိုက်လို့ ထိတ်လန့်နေတဲ့
ကောင်လေးတစ်ယောက်ဟာ....
တုန်သွားသေးလေရဲ့...........

"Hyu .......Hyung.........
ကျွန်.....တော်....ကြောက်တယ်......."

သနားစဖွယ် ထိုကောင်လေးဟာ....
နှုတ်မှသည်လည်း.....အမည်နာမ်စား တစ်ခုကို
တဖွဖွ ရွတ်နေရင်း.....
အကူအညီတောင်းနေသေး..........

ထိုစဉ်.......

"ဒုန်း......."

ပြတင်းတံခါးမှသည်......
ခပ်မည်းမည်းအရိပ်တစ်ခု
အခန်းတွင်းသို့ ခြေချလာသည်.......

အရိပ်ဟုထင်ရသော်လည်း....
အမှန်တကယ်မှာ....ပေါ့ပါးလွန်းသော......
ခန္ဓာကိုယ်တစ်ခုဖြစ်ပေသည်.........

"ကောင်လေး......"

ခပ်တိုးတိုး ခေါ်လိုက်သော....သူ့အသံသည်....
သူ့ရှေ့မှ ပျောက်ကွယ်သွားချင်လောက်အောင်ပင်
ကြက်သီးထစရာ ဖြစ်လေ၏...........

"ဟင့်......ဟင့်....အင်း.....မလာ....နဲ့......
သွား....."

တစ်လှမ်းချင်း လှမ်းကာ....
ကောင်လေး ရှေ့ကို တိုးလာ၍.......
ကောင်လေးဆီကို လှမ်းလာသည့်သူ့လက်များ.....

ကောင်လေးငြင်းဆန်သော်လည်း မရပါ.......
လက်သည်းရှည်ကြီးများရှိ၍......
အင်မတန် ကြောက်လန့်ဖွယ်ကောင်းသော....
လက်များသည်......ကောင်လေးဆီသို့ ဦးတည်လာမြဲ..

လိ​ေမၼာ္​သီး 🍊 လိ​မ္မော်​သီး 🍊Where stories live. Discover now