"Hun......Hun လို့......."
Laptop နဲ့ တတောက်တောက် စာရိုက်နေသော ကျနော့်လက်မောင်းကို
ဆွဲဖက် ပါးနဲ့အပ်ကာ ပိကျိလေးက
ခေါ်နေပါ၏..........အမြန်လက်စသတ်ဖို့ လိုအပ်နေတာမို့
သူ့ကို လျစ်လျူရှုကာ......
မသိ ချင်ယောင်ဆောင်နေလိုက်သည်.........."Hun....ရေ......Hunnie ရေ....
Hannie လေးရဲ့.....Hunnie ရေ........""Han....နေဦးဆို....."
လက်တိုဝတ်ထားတာမို့....ပေါ်လွင်နေသည့်
ကျနော့်လက်မောင်းသားကို
သူ့နှုတ်ခမ်းနှစ်လွှာနှင့်ညှပ်ကာ...
နာအောင် ဆွဲပါ၏........"ကျွတ်.....Han....ကွာ.....
ကိုယ် အလုပ်လုပ်နေတာ မမြင်ဘူးလား......"mail ပို့ရမည့် အချိန်နီးလာမှ.....
လာနှောင့်ယှက်နေသည့်သူ့ကြောင့်
အလုပ်တို့ နှောင့်နှေးရတာမို့........သူဖက်တွယ်ထားသော လက်မောင်းကို မ ကာ
တွန်းဖယ်ပစ်လိုက်မိတော့.......
ဆက်မနှောက်ယှက်တော့ပဲ.....
အခန်းပြင်ဘက်ကိုသာ
တဒုန်းဒုန်း မြည်အောင်
ခြေဆောင့်သွားလေသည်........အင်း........ထုံးစံအတိုင်းပဲ နေမှာပေါ့.........
အခုတလော.....သူ သိပ်စိတ်ကောက်လာတာပဲ
.............
"တီ......တီ.....တီ......"
ခြံတံခါးက ချက်ချင်းပွင့်လာသည်........
"အဟင်း....Sehun......"
အကြောင်းသိပေမို့.....
Kyung Soo Hyung က အခန်းဆီကိုသာ
မေးငေါ့ပြ၏.........."ဒီတစ်ခါကရော ဘာ case လဲ......"
အခန်းထဲက ထွက်လာသော Jongin က
သူ့ဆံပင်တွေကိုထိုးဖွကာ မေးလာတော့......"ငါအလုပ်လုပ်နေတာကို နှောက်ယှက်နေလို့
ဆူလိုက်မိတာ........"Jongin က ရယ်ပါ၏.....
"မင်းဟာလေးကကွာ....
တကယ့်ကောက်စိန်လေး........."ကျနော်လည်း တကယ်အံ့သြမိပါသည်.....
အကောက်နိုင်ဆုံးသူကို ရှာပါလျှင်
ပိကျိလေး ကိုသာ ပြရမည်ဖြစ်သည်.......လက်ထပ်ပြီးတည်းက ကောက်လာလိုက်တာ
အခုထိ တစ်စက်မှ မလျော့.....
လျော့ဖို့သာသာ..ပိုတောင်ဆိုးလာ၏......
YOU ARE READING
လိေမၼာ္သီး 🍊 လိမ္မော်သီး 🍊
Fanfictionကျနော့် အချစ်က လိမ္မော်သီးလေး Sehun×Luhan ကျနော့်အချစ်က လိမ္မော်သီးလေး Sehun×Luhan