အနောက်က .......
တစ်ယောက်ယောက်လိုက်လာသလို...
ခြေသံကြားနေရတာမို့.....
ကျောပိုးအိတ်ကြိုးကို ခပ်တင်းတင်းကိုင်လို့
မပြေးရုံတမယ်....လျှောက်လာလိုက်သည်...အိမ်ကလည်း....ဝေးသေးသည်......
ဘယ်လိုပဲ......
အသက် ၂၁ နှှစ် ရှိပါစေဦး....ဒီလိုညဘက်ကြီးမှာ....
တစ်ယောက်တည်းသွားနေရတာက
ကျောချမ်းစရာ......တစ်ခါမှ အခုလောက် နောက်မကျခဲ့ဖူးပါ..
တက္ကစီကလည်း....
အိမ်ရောက်သည်အထိ....လိုက်မပို့တာမို့....
လမ်းထိပ်မှ...အိမ်ရောက်သည်အထိ
လမ်းလျှောက်ပြန်လာရသည်....."ရှပ်.....ရှပ်.....ရှပ်....."
ထပ်ကြားရပြန်ပြီ.....ခြေသံ....
ပြီးတော့.....ဒီလမ်းထဲမှာ....
သရဲ...ရှိတယ်ဆိုလား.....ကျနော် ဇောချွေးများပါပြန်လာသည်......
ခပ်သွက်သွက် လျှောက်လေလေ....
နောက်ကခြေသံကလည်း.....
ကျယ်လာလေလေ.......ကျနော် ခြေစုံရပ်၍.....
အားကိုတင်းကာ.....
ဖြည်းဖြည်းချင်း......လှည့်ုကြည့်မိသည်.....သို့သော်......မှိန်ပြပြ.....မီးရောင်အောက်မှာ
ဘာမှမမြင်ရ......ဘယ်သူမှမရှိလောက်ပါဘူး....
ကျနော်....ရှေ့ဆက်သွားဖို့ပြင်လိုက်တော့
"အား......"
ရုတ်တရက်ပီသစွာကြားလိုက်သော....
အသံတစ်ခု.......နောက်မှ....မဟုတ်......
အရှေ့မှာ....ကြားနေရခြင်း....လှမ်းကြည့်မိတော့......
မီးတိုင်မှိန်ပြပြအောက်မှာ....
ချော်လဲနေသော.....အဘွားအိုတစ်ဦး......ကျနော်.....
ခဏတွေဝေကာ...ရပ်ကြည့်နေမိသည်......."လူလေး.....အဘွားကို....ထူပေးပါလား.."
တုန်ခိုက်စွာ....ထွက်ပေါ်လာသော.....
အဘွားအို၏.....အသံကြောင့်....
ကျနော်....ဘာမှမတွေးနိုင်ပဲ......
ပြေးသွားထူလိုက်သည်......"အဘွား......ရရဲ့လားဟင်.....
ဘယ်နားတွေ ထိခိုက်မိသေးလဲ....
အိမ်ဘယ်မှာလဲ.....
ကျနော်လိုက်ပို့မယ်လေ"
YOU ARE READING
လိေမၼာ္သီး 🍊 လိမ္မော်သီး 🍊
Fanfictionကျနော့် အချစ်က လိမ္မော်သီးလေး Sehun×Luhan ကျနော့်အချစ်က လိမ္မော်သီးလေး Sehun×Luhan