🍊12

11.6K 1.1K 136
                                    

"Sehun အိမ်​က ကျယ်​သားပဲ....."

"အာ.....ဟုတ်​ကဲ့....noona.."

Vivi ကို ​ပေါင်​​ပေါ်တင်​ထားရင်းက...
Hyung ကို ကညုတုတုကြည့်​​နေ​သော..
မဒီပျိုအား.....အံတကြိတ်​ကြိတ်​ကြည့်​မိသည်

ကိုယ့်​​ရှေ့တည့်​တည့်​မှာ ထိုင်​​နေ​သော သူမက..
ကိုယ့်​ကိုရှိတယ်​လို့ပင်​ သ​ဘောမထား.......
ကိုယ့်​​ဘေးနားက Hyung ဆီကိုသာ...
အကြည့်​ပို့ထား၏.........

"Han.....Viviရဲ့ အ​မွှေး​တွေကို
နှုတ်​​နေတာလား.......
Vivi နာ​နေပြီ....."

"အင်​......"

သူမအ​ပေါ် ​ဒေါသတို့သည်​....
ပေါင်​​ပေါ်က Vivi ထံ ​ရောက်​ရှိပြီး....
အ​မွှေးဖြူ ဖြူ တို့အား ဆုပ်​ယူမိသည်​ထင့်​....

Vivi ​အော်​သံကိုပင်​သတိမထားမိပဲ....
Hyung တားမှသာ.....
သတိပြုမိ​လေခြင်းရယ်​.......

Sorry Vivi

"Noona ကျ​နော့်​အိမ်
ဘာလို့​ရောက်​လာတာလဲ.......
အ​ကြောင်းတစ်​ခုခုများ......"

ပန်းသီးစိတ်​တို့အား....နွှာ​နေသူက.....
အ​ရှေ့က မဒီပျိုထံ အ​မေးစကားဆို၏......

ဒါဆို Hyung ​ခေါ်တာမဟုတ်​ဘူး​ပေါ့.......

"ကြုံလို့ဝင်​လာတာပါ.....Hun ရဲ့.......
ပြီး​တော့......
Noona Birthday party ကို
Hun မလိုက်​ဘူး​လေ.....
အဲ့​နောက်​ပိုင်း noona နဲ့မ​တွေ့ဖြစ်​ဘူးမလား
အဲ့တုန်းက အ​ကြောင်းပြချက်​ကို
Hun မ​ပေး​သေးဘူး​လေ....."

ဘာ.....
Sehun က​နေ တHun Hun နဲ့.....
သူ့အ​ဖေမှတ်​​နေသလားပဲ............

ယောက်ျား​လေးတစ်​​ယောက်​တည်း​နေတဲ့အိမ်​ကို ​မှောင်​စပျိုးချိန်​ကြီး.....
မိန်းက​လေးတစ်​​ယောက်​တည်း လာရဲတယ်
ဆိုတည်းက skillမ​သေးဘူးပဲ........

"Hyung က Han ကို စိတ်​မချလို့
ပြန်​လာတာလေ Noona ရဲ့........
ကျ​နော့်​​ကြောင့်​ Hyungက
သူ့ sunbae ရဲ့ Birthday ​တောင်
မသွားလိုက်​ရဘူး......."

ကြားဖြတ်​၀င်​​ပြောကာ...မချိပြုံးပြလိုက်​သည်

ငါ့မျက်​လုံး​တွေက သမင်​မျက်​လုံးမို့သာ...
နဂါးမျက်​လုံးသာဆို မလွယ်​ဘူး........

လိ​မ္မော်​သီး 🍊 လိ​မ္မော်​သီး 🍊Where stories live. Discover now