Babe လိ​မ္မော်​သီး 🍊

6.5K 767 45
                                        

"Han ဒီမှာ ကိုယ့်​ဆီမှာ ဘာပါလာလဲကြည့်​စမ်း။"

အခန်းတံခါးဖွင့်​ဝင်​လိုက်​သံကြားတည်းက
စောင်​​ပုံထဲ ၀င်​ပုန်းသွားတဲ့ ပိကျိ​လေးက
သူ့ကိုစိတ်​ဆိုး​နေ​သေးပုံပါပဲ။

အခုဆိုရင်​ သူ့ကိုစကားမ​ပြောတာ၂ ရက်​ပြည့်​လုနီး။

"Han ​ရေ...ကိုယ်​​ခေါ်​နေတယ်​​လေကွာ။"

သုထပ်​မံအသံပြု​တော့မှ
မွေ့ယာကိုတစ်​ချက်​ဗုန်းကနဲထုသည်​။

"လာမ​ခေါ်နဲ့....ဘာပါလာလာ...လာ​မ​ကျွေးနဲ့၊
တစ်​​နေ့က​ပြော​တော့ စီစဉ်​​ပေးပါ့မယ်​တဲ့
ဘာမှလည်းမဟုတ်​ဘူး...
မုန့်​​တွေပဲဝယ်​၀ယ်​လာတယ်​။သွားလွှတ်​ပစ်​လိုက်​၊
မုန့်​မစားချင်​ဘူး၊က​လေးပဲထိန်းချင်​တာ။"

စက်​​သေနတ်​ပစ်​သလို တရစပ်​​ပြောသွားတာကို
အသည်းတယားယားကြိတ်​ပြုံးလိုက်​မိပြီးမှ

"ကိုကိုစိတ်​​ကောက်​​နေတယ်​....သား​လေးရဲ့၊
ကိုကိုက သားကို မ​မွေးစားချင်​​တော့ဘူးထင်​ပါတယ်​ကွာ။"

ချီပိုးလာရတဲ့ က​လေးကို
တစ်​ချက်​နမ်းရင်း​ပြောလိုက်​မှ
သူ့ကို​ကျောခိုင်းထားတဲ့​ကောင်​​လေးက
စောင်​ပုံကိုဖွင့်​ပြီး အသာလှည့်​ကြည့်​လာတယ်​။

"ဟာ....Hun...."

ကုတင်​​ပေါ်က ခုန်​ပျံ​ပြေးဆင်းကာ
သူ့နားလှစ်​ကနဲ​ရောက်​လာသည့်​ ပိကျိလေး၊

"ဒါ...ဒါ...ကျွန်​​တော့်​ဖို့လားဟင်​...ဟုတ်​လား။"

သူချီထားသည့်​က​လေး​လေးရဲ့လက်​ကို
အသာလာဆွဲကာဖြင့်​ ခုန်​​ပေါက်​မြူးထူး​နေခဲ့သည်​။

"ဟုတ်​တာ​ပေါ့....Han ပဲ လိုချင်​တာဆို၊"

"အီးဟီး....​ပျော်​လိုက်​တာ....
Hun ကို ချစ်​တယ်​...​ပေး​ပေး...ကျွန်​​တော်​ချီမယ်​။"

က​လေးကို ချိုင်းက​ပွေ့​ခေါ်ယူသည့်​အခါ
သူ့မှာရင်​တမမနဲ့၊

"ဖြည်းဖြည်း....နာသွားဦးမယ်​။"

အ​နေ​အေးလှသည့်​ က​လေးက
ဘယ်​သူ​ခေါ်​ခေါ်​လိုက်​လို့သာ​တော်​​သေးရဲ့။

လိ​မ္မော်​သီး 🍊 လိ​မ္မော်​သီး 🍊Место, где живут истории. Откройте их для себя