Appa လိ​မ္မော်​သီး

6.2K 706 61
                                    

"Hun...."

ပျားသကာလိုချိုအီမြ​သော အသံ​လေးဖြင့်
သူ့နားအသာကပ်​လာသည်​။

"အင်း...​ပြော​လေ၊"

ခုံရှည်​မှာထိုင်​ကာ စာဖတ်​​နေရင်းကပြန်​ထူးဖြစ်​သည်​။

"စာအုပ်​ခဏချထားဦး။"

အတင်းပင်​ သူ့လက်​ထဲက စာအုပ်​ကို
ဆွဲဖယ်​​နေ​တော့တာ။

"​ခဏ၊ခဏ၊စာရွက်​​ခေါက်​ဦးမယ်​။"

မရ​တော့ သူ့စာအုပ်​သည်​ကား
ခုံ​ဘေးမှာ ပုံလျက်​သားကျ​နေ​လေပြီ။

"ကဲ...​ပြော၊
ဘာ​ပြောမို့လဲ။"

"မ​နေ့က​လေ၊​ဒေါ်​လေး​ပြောလိုက်​တာမှတ်​မိလား။"

သူမျက်​​မှောင်​ကျုံ့မိသည်​၊

"ဘယ်​မှတ်​မိမှာတုန်း Han ရ၊
မနည်းကြီးပဲဟာ။"

"Hun ကလည်း...Hun မှတ်​မိမှာပါ။
စဉ်းစားကြည့်​။"

သူ့နားမတ်တပ်​ရပ်​က​နေ၊
ကြမ်းပြင်​​ပေါ် ​လေးဘက်​​ထောက်​​ရွေ့ပြီး
သူ့ဖာသာသူ အိပ်​​နေတဲ့ vivi ကို ​ပွေ့​ခေါ်သည်​။

သူ့နား​ခြေရင်းမှာ ငုတ်​တုတ်​ထိုင်​၍
သူ့​​ပေါင်​ကို နှာဖျားနဲ့လာတွန်းပွတ်​ဆွဲရင်း၊

"Hunnie ကလည်း
ဥာဏ်​​ကောင်းရဲ့သား နဲ့. ​သေချာစဉ်းစားပါ။"

သူ​​​ခေါင်းပါကုတ်ရပြီ။

"မသိဘူး​လေကွာ။
ဘာအ​ကြောင်း​ပြောတာလဲ။"

သမင်​မျက်​၀န်းတို့တဖျက်​ဖျက်​လက်​၍

"Han နဲ့ဆိုင်​တာ​လေ၊Han နဲ့၊"

သူ့ကိုယ်​သူလက်​ညှိုးထိုး၍ အားပါးတရဆိုလာသည့်​အခါ။

"အဲ...Han ကို ဂရုစိုက်​ဖို့မှာတာလား။
Han လိုချင်​တာဝယ်​​ပေးဆိုတာလား။"

စိတ်​ပျက်​သ​ယောင်​ ​လေတစ်​ချက်​မှုတ်​ထုတ်​၍

"Hun ကလည်း...အာ့မှုတ်​ဖူး​လေ....
ဟို...အစ​ဖော်​​ပေးမယ်​...
က​လေး​လေ.....က​လေးဘာဆိုလဲ။"

Vivi ကို ချကာ သူ့​ဘေးလာထိုင်​၍
သူ့လက်​​မောင်းကို လာဖက်​တွယ်​သည့်​အခါ
အလိုလို​ကျောမတ်​ပြီးသား။

လိ​မ္မော်​သီး 🍊 လိ​မ္မော်​သီး 🍊Where stories live. Discover now