Jongin က အတင်းကျနော့်နားကပ်ကာ
တရှုံ့ရှုံ့နဲ့ကပ်လာသည်မို့.......
မနည်းရှောင်တိမ်းရင်း......
အာရုံလွဲသွားအောင် ကြံရတော့သည်....."အဟမ်း......ဟမ်း.....
Jongin မင်းလက်ထဲကဘာတွေလဲ........
ကြက်ကြော်တွေမလား......"ဒီတော့မှ သူကလက်ထဲက အထုပ်ကို
ငုံ့ကြည့်ရင်း....."အမ်.....အင်းအင်း.....
မင်းဘာမှမစားရသေးဘူးမလား....
တူတူစားရအောင်....."သူကပြောရင်းဆိုကာမီးဖိုခန်းထဲဝင်သွားသည်
အင်း........Kim Jongin ကိုပြောင်းလဲစေနိုင်တာ
ကြက်ကြော်ပဲရှိတာကိုး........သူ့နောက်ကလိုက်ပါရင်း.....
သက်ပြင်းမောတစ်ခု ချကာ......
သူ့ကို ဘယ်လိုကဘယ်လို
နိဒါန်းချီပြောပြရမလဲ ကြံရွယ်နေတုန်း......."အား......................"
ကျနော့်ရှေ့မှ ဝင်သွားသော
Jongin ရဲ့ အသံပြဲုကြီးကြောင့်
လန့်ဖျပ်သွားရသည်မို့.......
သူ့ရှေ့ရောက်အောင်ပြေးကာ.......
မီးဖိုခန်းကို စစ်ဆေးကြည့်ရသည်..........."ဘာ......ဘာဖြစ်တာလဲ......"
"Se......Sehun.....သ....သရဲ....သရဲ...."
အင်.......ဟိုပိစိ......ဟိုပိစိများလား.....
"မ......မလန့်နဲ့......ငါ......ငါရှင်းပြမယ်......"
Kim Jongin မှာ အရမ်းလန့်နေပုံပေါ်တာမို့.....
စားပွဲပေါ်က ရေခွက်ကို ရေအပြည့်ဖြည့်ရင်း
သူ့ဆီကမ်းပေးရသည်.........."ရော့.......ရော့.......ဒါလေးကုန်အောင်သောက်"
သူက ရေကို တဂွပ်ဂွပ်မြည်အောင်
မြိုချသောက်ရင်း......."Sehun......ငါ.......ငါလေ......
အရင်ကလည်း ဒီမှာနေတာပဲလေ....
ဒီ.....ဒီနေ့မှ.....ကံနိမ့်လို့ပဲလားမသိဘူး......
သ.....သရဲ.....မြင်လိုက်ရတယ်......."ကျနော်မျက်လုံးတွေပါပြူးလာသည်.......
ဟိုပိစိကိုမြင်လိုက်ရတာနေမှာ....
ဟိုပိစိကိုလည်း စိတ်တိုလာသည်.....
ပုန်းနေပါလို့ပြောနေတဲ့ကြားက........"လာ........လာ.....Jongin မကြောက်နဲ့...... .
ငါပြောပြမယ်......"ကျနော် သူ့ကိုဆွဲခေါ်လို့......ထမင်းစားပွဲပေါ်က
ခုံပေါ်ထိုင်စေသည်........
YOU ARE READING
လိေမၼာ္သီး 🍊 လိမ္မော်သီး 🍊
Fanfictionကျနော့် အချစ်က လိမ္မော်သီးလေး Sehun×Luhan ကျနော့်အချစ်က လိမ္မော်သီးလေး Sehun×Luhan