တစ်နေကုန် ပင်ပန်းထားသမျှကို
သက်သာစေဖို့ အိပ်ယာပေါ်ကို လှချသည်။တင်းကျပ်နေတဲ့ လည်စီး ကို ဆွဲဖြုတ်သည်။
ညောင်းကိုက်နေတဲ့ ခန္ဓာကိုယ်ကသိသိသာသာ
နုံးချိလာသည်။ပင်ပန်းလိုက်တာ
ဒီရက်ထဲ စာရင်းတွေ ချူပ်နေရတာနဲ့
ညဆို ၁၁ နာရီမှ
အိမ်ပြန်ရောက်သည်။ကိုက်ခဲနေသော မျက်ရိုးများကို လက်ဖြင့်
ခဏနှိပ်နယ်မိသည်။၁၁ နာရီဆိုတော့ အင်း........
မအိပ်လောက်သေးပါဘူး။ဖုန်းကို ယူကာ နံပါတစ်ခုစီ သူခေါ်မိသည်။
မတွေ့ရသေးတာ မနက်ကမှ ဆိုပေမယ့်
သူလွမ်းလှပြီဖြစ်သည်။"Hello "
ဖုန်းတစ်ဖက်မှ ထူးသံသည်
ပိကျိလေး မဟုတ်ခဲ့။"အာ Jongin လား။Han ရော"
"အိပ်နေပြီ၊ ခရီးပန်းလို့ထင်တယ်။"
သူ ထထိုင်လိုက်မိသည်။
"နေရော ကောင်းရဲ့လား။"
"အင်း ကောင်းပါတယ်။
မနက်ကျ ပြန်ခေါ်လေ။
ဝှား.....ငါတို့လည်း နားတော့မယ်။""အေးအေး Han ကိုလေ....."
အမှာစကားတို့ မဆုံးလိုက်၊
တစ်ဖက်က ဖုန်းချသွားခဲ့ပြီ။ဟူး......
သက်ပြင်းမောကို ချကာအိပ်ယာပေါ်
ဖြစ်ကတတ်ဆန်း ပြန်လှဲချလိုက်သည်။လွမ်းလို့ သေရပါတော့မယ် Han ရယ်။
"Hun ကျွန်တော်မရှိတုန်း လွမ်းနေနော်"တဲ့။
ပါးနှစ်ဖက်ကို ကိုင်ကာ မှာသွားသော စကား။Jongin တို့က သူ့မိဘတွေဆီ ပြန်လည်တာကို
လိုက်သွားသည့် ကောင်လေး။စပျစ်ခင်းတွေ ကို ပုံထဲမှာ မြင်ရကတည်းက
သွားမယ်ချည့်အော်နေခဲ့တာ။ကိုယ့်မှာတော့အလုပ်ကပျက်ကွက်လို့မရသည့်
တာဝန်တွေနဲ့မလို့ ကျန်ခဲ့ရသည်။
![](https://img.wattpad.com/cover/124484224-288-k675723.jpg)
YOU ARE READING
လိမ္မော်သီး 🍊 လိမ္မော်သီး 🍊
Fanfictionကျနော့် အချစ်က လိမ္မော်သီးလေး Sehun×Luhan ကျနော့်အချစ်က လိမ္မော်သီးလေး Sehun×Luhan