Intro (The Start)

22.9K 917 53
                                    

'အိမ်မက်ဆိုး'တဲ့
စာလုံးကရိုးရိုးလေး....
သို့သော်ပြိုကျခဲ့ရမှုတွေသည်မြင်မှမကောင်းခဲ့ပဲ။

အိပ်မက်ဆိုးထဲအပိတ်လှောင်ခံခဲ့ရမှုမှာ
လိမ်ညာခြင်းနှင့် သေဆုံးခြင်းတွေကနေ
စတင်ခဲ့သည်။

A Nightmare......

ကြီးကျယ်ခမ်းနားလှသည့်အိမ်တော်ကြီးအတွင်း
လူတစ်ယောက်သည်အကြီးအကျယ်
ကမ္ဘာပျက်ခဲ့ဖူးကာ
ထိုလှိုင်းတွေ၏အရှိန်သည်မသေသေး...
အခုချိန်ထိခပ်ပြင်းပြင်း
လာလာရိုက်ခတ်နေခဲ့တုန်းပဲ။

-"အား!! ငါသတ်တာမဟုတ်ဘူးလို့!!"

ခွမ်း!!!

ဧည့်ခန်းထဲမှာတစ်ယောက်တည်း
အရက်တွေထိုင်သောက်နေရင်း
ရုတ်တရက်အရက်ခွက်တွေကို
ကြမ်းပြင်ထက်ပစ်ခွဲလာကာ
နားနှစ်ဖက်ကိုလက်နဲ့
အတင်းဖိပိတ်ထားလျက်အော်ဟစ်နေခဲ့၍
ခြောက်ခြောက်ခြားခြားမျက်ဝန်းတွေသည်
တစ်စုံတစ်ခုကိုအသည်းအသန်
ထိတ်လန့်နေခဲ့သည့်ပုံ...

တစ်အိမ်လုံးဟိန်းထွက်သည်အထိ
အော်သံတွေ ကျကွဲသံတွေကြား
အရက်ခွက်တွေရော
အရက်ပုလင်းတွေရော
တစ်အိမ်လုံးရော...
တစ်ခုမှရစရာမရှိနေခဲ့ပါ။

အကုန်လုံးမုန်တိုင်းဝင်မွှေသွားသည့်နှယ်
အလဲလဲအကွဲကွဲတွေဖြစ်တည်နေခဲ့သည်။

ကြီးမားလှတဲ့ခြံဝန်းကြီးထဲတည်ရှိနေခဲ့သည့်
နှစ်ထပ်တိုက်ကြီးသည်အပြင်ဘက်ကကြည့်လျှင်
အေးချမ်းသလိုထင်ရခဲ့ပေမဲ့
တကယ်ကမအေးချမ်းခဲ့ဘူးဆိုတာ
ဒါတွေကသက်သေပါပဲ။

သေလောက်အောင်
ခြောက်ခြားဖို့ကောင်းသည့်
ထိုအခြေအနေတွေသည်
အမြဲလိုလိုပေါ်ပေါ်လာတတ်ခဲ့သည်။

-"ငါ သတ်တာမဟုတ်ဘူးလို့!!!"

ကောက်နေသည့်ဆံပင်ရှည်တွေသည်
ဖရိုဖရဲကျလျက် မျက်လုံးနက်နက်တွေသည်
ကယောင်ခြောက်ခြားတွေဖြင့်....
နားနှစ်ဖက်ကိုပိတ်ထားခဲ့သည့်လက်တွေသည်
သိသိသာသာကိုတုန်ရီလွန်းနေခဲ့သည်။

ပြေးထွေးပွေ့ပေးမယ့်လူမရှိ၊
ကူကယ်ပေးမယ့်လက်တွေမရှိ၊
တစ်ယောက်တည်းအလူးလူးအလဲလဲ
ခံစားနေရသူဟာ
အသက်23နှစ်သာရှိနေသေးပေမဲ့
လှိုင်းဒဏ်တွေရဲ့ရိုက်ချက်တွေကြား
အသက်ငယ်ပေမဲ့ဘဝ‌တွေသိပ်မငယ်နေခဲ့ပါ။

𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦Where stories live. Discover now