P_4 🚬

6.9K 605 33
                                    

လမ်းခွဲစကားပြောပြီးသည့်နေ့ကတည်းက
ပေါ်မလာခဲ့သောသူသည်....
အိမ်ပြန်ဖို့ဆေးရုံကားပါကင်ကိုဆင်းလာသည့်
ဆရာဝန်လေးအရှေ့ကပိတ်ရပ်လာခဲ့သည်။

-"Ji Min စကားပြောရအောင်"

ရုတ်တရက်ရှေ့ကပိတ်ရပ်လာမှုမှာ
Dr Parkမျက်နှာကွက်ခနဲ။
အလိုမကျသလိုမျက်လုံးလေးတွေဖြင့်
စိုက်ကြည့်လာခဲ့သည်။

-"ကျွန်တော်တို့ကပြီးပြီးသားမလား
ကျွန်တော့်အနားမလာပါနဲ့တော့"

ဘယ်လောက်ပဲကိုယ့်ဘက်ကချစ်ချစ်
တစ်ဖက်ကသူ့အပေါ်အဲ့လိုတွေ
ရက်စက်ခဲ့ကြောင်းသိခဲ့ရသည့်အခါ
စိတ်ဓာတ်ပြတ်သားသူသည်
တစ်ချက်တည်းနဲ့တိကနဲပြတ်ခဲ့ပြီ။

အလုပ်မှာတင်ပြတ်သားရုံမက
အချစ်ရေးမှာလည်း
Dr, Parkကပြတ်ပြတ်သားသား။

ချစ်တယ်ဆိုလည်းအရမ်းချစ်တယ်
မချစ်ဘူးဆိုလည်းလှည့်မကြည့်တဲ့အထိ
Dr, Parkကရှင်းသည်။

အထင်နဲ့အမြင်တလွဲတွေ...
တွေးထားတာနဲ့လက်‌တွေ့...တလွဲတွေဆိုတော့....
ဒီတစ်ခါတော့လူဆိုးခေါင်းဆောင်၏
မျက်နှာပျက်အလှည့်။

Ji Minသူ့ကိုမပြတ်နိုင်သေးဘူးထင်နေတာ...

ပြတ်သားလှချည်လားPark Ji Minရဲ့...

ဟာသပဲ...

ဆွေးနေဟန်ကနေချက်ချင်းပြောင်းသွားရင်း
မျက်နှာထက်လှောင်‌ပြုံးလေးတွေ
တဖြည်းဖြည်းပေါ်ထွက်လာခဲ့သည်။

-"ငါကမပြီးနိုင်သေးဘူးဆိုရင်ရော"

မျက်ခုံးတစ်ဖက်ပင့်ပြ၍
မျက်နှာပြောင်တိုက်လာပုံသည်
တကယ်ကိုလာအရှက်မရှိနေတာ....
Hyungကိုဒီလိုလူမျိုးမှန်း
သူလုံးဝမထင်ထားခဲ့မိဘူး။
တုံးအခဲ့လိုက်လေခြင်း....

-"လမ်းခွဲစကားအရင်ပြောခဲ့တာHyungနော်"

-"အဲ့တော့..."

အညှိုးထားနေတဲ့သူသည်
သူထင်ထားတဲ့အတိုင်းဖြစ်မလာတော့
လူဆိုးပီပီ အရောင်တွေစပြောင်းလာခဲ့သည်။
စကားတွေသည်ခပ်ရွဲ့ရွဲ့ဖြင့်
သူ့သရုပ်မှန်တွေထုတ်ပြလာတဲ့အချိန်မျိုးပဲ။

-"အဲ့တော့ မျက်နှာပြောင်အရမ်းမတိုက်နဲ့...
ကျွန်တော်ပြန်တော့မယ်"

𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦Where stories live. Discover now