-"မင်းကဘာသဘောလဲ Park Ji Min!!!"
အတင်းဆွဲခေါ်ခံလာရသည့်နေရာသည်
ကမ်းခြေအနားကကုန်တိုက်တစ်ခု၏
အရေးပေါ်လှေကားတစ်ခုဆီဖြစ်နေခဲ့၍
သူတို့နှစ်ယောက်အပြင်ဘယ်သူမှရှိမနေခဲ့ဘူး။လှေကားဆီရောက်ရောက်ချင်း
နံရံထောင့်နားဆီဆွဲဆောင့်လွှင့်ပစ်တော့
ယိုင်နဲ့သွားသည့်ကိုယ်လုံးလေးသည်
မနည်းပြန်ထိန်းလိုက်ပြီးသူမဟုတ်ကြောင်း
လက်လေးတကာကာနဲ့ရှင်းပြဖို့ပြင်လာသည်။-"မဟုတ်ဘူး Hyung"
-"ဘာကမဟုတ်တာလဲ လူမြင်ကွင်းမှာမင်းကတခြားလူတစ်ယောက်နဲ့ နမ်းနေတာ
ကိုယ်မမြင်လိုက်ဘူးထင်နေလို့လား!!"-"ကျွန်တော်ပြောပြ..."
-"ကိုယ့်တစ်ယောက်လုံးကို
အရှေ့မှာထားပြီး
ဖောက်ပြန်မလို့လား!!
ကိုယ့်ကိုလူမထင်တာလား!!"-"Hyung!!!ကျွန်တော်ပြောတာလေးလည်းနားထောင်ပေးဦးလေ!!"
ပြောချင်ရာတွေသာစွတ်ပြော
ထင်ချင်ရာတွေသာစွတ်ထင်နေသော
Hyungကိုပူထူနေတဲ့စိတ်တွေနဲ့အတူ
ပြန်အော်မိတော့Hyungကစိုက်ကြည့်လာသည်။
မျက်ရည်အပြည်နဲ့မျက်လုံးတွေသည်
ရဲတောက်လျက်...
Hyungကသူ့ကြောင့်နဲ့
ငိုတတ်သေးတာပဲဟုတွေးမိလိုက်ပြီး
နည်းနည်းတောင်ထူးဆန်းသွားရသည်။Yoongiသူ့ကိုယ်သူနားမလည်တော့ဘူး။
ခုနကမြင်ကွင်းက
ပြသာနာအကြီးကြီးရှာလို့ရသည်။
ဒါသူ့အတွက်ဂွင်လေ...ဒါပေမဲ့ဘာလို့အဲ့မြင်ကွင်းကြောင့်
တကယ့်မျက်ရည်တွေကကျလာရတာလဲ။ဘာလို့တကယ့်ဒေါသတွေထွက်နေရတာလဲ။
ဘူဆန်ထိလိုက်လာတာကလည်း
Park Ji Minကိုနာကျင်စေချင်လို့...
ခုနာကျင်အောင်လုပ်လို့ရပြီလေ...ဟုတ်တယ် လုပ်လိုက်တော့
ဒီဆရာဝန်ကမင်းချစ်သူကိုသေစေခဲ့တာ။မသိသောတွေထပ်သွားခဲ့သော
အတွေးတွေထဲလွန်ဆွဲရင်း
နောက်ဆုံးတော့လူဆိုးအတွေးကသာ
အနိုင်ရသွားခဲ့၍
ရဲတောက်နေခဲ့သည့်မျက်ဝန်းတွေသည်
အသည်းအသန်ရှင်းပြနေသည့်
အရှေ့ကပုံရိပ်လေးအား
စူးစူးရဲရဲစိုက်ကြည့်လာခဲ့သည်။
YOU ARE READING
𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦