P_32(2)🚬

5.2K 437 21
                                    

Hopeကိုတောင်းပန်စကားတွေပြောတော့
ဟိုကလည်းအဆင်ပြေတယ်
ဘာမှမဖြစ်တဲ့အကြောင်း
ပြီးတော့မလာနိုင်တော့တဲ့
အကြောင်းတွေပြောပြီး
ဖုန်းပြောတာကိုရပ်လိုက်သည်။

Hopeနဲ့စကားထိုင်ပြောနေခဲ့တာသည်
တစ်နာရီနီးပါးကြီး...

ဒါတောင်ခုချိန်ထိသူ့ဆီရောက်မလာသေးတဲ့
သူ့အပိုင်လေးကြောင့်
စီးကရက်လေးနည်းနည်းတင်းလာပြီ။

ဘာတွေများအလွမ်းသယ်နေလို့
အဲ့လောက်တောင်ကြာနေကြတာလဲ။
ပြောစရာစကားတွေ
အဲ့လောက်တောင်များနေတာလား။

အိမ်ထဲဝင်သွားရင်လည်း
စကားကိုဆန့်ကျင်ဘက်တွေပြောမိတော့မှာမို့လို့
ဝင်သွားမနေတော့ဘဲတင်းလာတဲ့ဒေါသတွေကို
ရေနဲ့စိမ်ပစ်ဖို့တွေးလိုက်သည်။

-"တောက်!"

တောက်တစ်ချက်ခပ်ပြင်းပြင်းခေါက်ကာ
ဝတ်ထားသည့်ရှပ်လက်ရှည်ကိုဆွဲချွတ်ပစ်တော့
တက်တူးတွေနဲ့ကိုယ်ကြီးသည်
ပင်လယ်ပြင်အနားထင်းခနဲ။

ရေကူးကန်ထဲ
ဒေါသတွေနဲ့ခုန်ဆင်းသွား၍
အကျယ်နည်းနောမဟုတ်သည့်ရေကူးကန်ရဲ့
ဟိုဘက်နဲ့ဒီဘက်ကိုဒေါသတွေ
ပျောက်လို့ပျောက်ငြား
အရှိန်တွေထည့်ပြီးကိုသူကူးခဲ့သည်။

သူ့အပိုင်လေးကို
အယုံကြည့်ရဆုံးသူငယ်ချင်းနဲ့တောင်
အတူတူတွဲမတွေ့ချင်ခဲ့တဲ့သူမို့လို့
အခုလိုအစ်ကိုသာပြောနေပေမဲ့
တကယ်အစ်ကိုမဟုတ်တဲ့ကောင်နဲ့
ဒီလောက်အကြာကြီးရှိနေတာကိုသူမကြိုက်...

အိမ်ထဲကထွက်လာတုန်းက
ဖက်လိုက်စကားပြောလိုက်နဲ့
ခုချိန်ထိအဲ့လို‌တွေများလုပ်နေမလား။

ရေသာကူးနေတာ...
သဝန်တိုစွာအတွေးတွေကို
အတောမသတ်နေနိုင်၍
ဆယ့်ငါးမိနစ်လောက်နဲ့
ရေထဲကပြန်တက်လာကာ
အပေါ်ပိုင်းဗလာနဲ့
အိမ်ကြီးဆီဦးတည်ခဲ့သည်။

ပြသာနာတက်ရင်လည်း
တက်ပါလိမ့်စေတော့....
မခံစားနိုင်တော့ဘူး။

ဆယ့်ငါးမိနစ်က ခဏလေးပေမဲ့
ဒေါသတွေထွက်ပြီး ‌ရေကူးခဲ့တာကြောင့်
Lie&Dieဆိုသည့်တက်တူးရှိနေသည့်
ရင်တစ်စုံသည် သိသိသာသာကို
နိမ့်ချည်မြင့်ချည်တွေဖြစ်နေကာ
ဒေါသထွက်တယ်ဆိုသောခေါင်းစဉ်ဖြင့်
သူ့ကိုသူအပြစ်ပေးခဲ့ပြန်ပြီ။

𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦Where stories live. Discover now