P_20🚬

5.7K 462 32
                                    

လိပ်ပြာလှလှလေးကိုလိုချင်လို့ဆိုပြီး
လက်တွေထဲအတင်းအကျပ်ဖမ်းထားမိခဲ့ရင်

လိပ်ပြာလေးမွန်းကြပ်ပြီးသေသွားရုံကလွဲ
ဘာရှိတော့မှာလဲ။

မှားလားမှန်လားမသိခဲ့ခြင်းတွေမှာ
နှလုံးသားချင်းညှိယူဖို့မကြိုးစားဘဲ
သူချုပ်ယူခဲ့သည်။

------------

နောက်ထပ်ထွက်မပြေးရဲအောင်ဆိုပြီး
အပြစ်ပေးသည့်ခေါင်းစဉ်တွေရဲ့
နှိပ်စက်မှုတွေအောက်
အလူးအလဲနေမကောင်းဖြစ်ခဲ့သော
ဆရာဝန်လေးသည်
အဲဒီ့နေ့ကစပြီး ဘဝကြီးကြေမွသွားသလိုလို
အဓိပ္ပာယ်မရှိတော့သလိုလိုတွေဖြစ်ခဲ့ရသည်။

နေပြန်ကောင်းလာတာနှစ်ရက်မျှရှိနေပြီဖြစ်ပေမဲ့
သူ့ဘဝသည်တော့သွားပြီ။

ရေတွေကြားထဲသတိလစ်ခဲ့ရမှုရဲ့
သတိပြန်ရရခြင်းမှာကြားခဲ့ရသည့်စကား။

"နောက်အပတ်ကျရင်
မောင်တို့လက်ထက်ကြမယ်
ငြင်းရင်တော့......"ဆိုကာ
ဆက်မပြောလာခဲ့သော
အဓိပ္ပာယ်တွေကိုအရမ်းသိတာပေါ့....

အခုဆိုသုံးရက်သာလိုတော့တဲ့လက်ထက်ပွဲမှာ...
ဟုတ်ပါတယ်Jeon Jung Kook...
မင်းနိုင်ပါတယ်...

ဘဝမှာတစ်ခါမှမချစ်တဲ့လူကို
လက်ထက်ရလိမ့်မယ်လို့
တွေးတောင်မတွေးမိခဲ့ဖူးဘူး။

အသက်30ကျော်မှလက်ထက်ပြီး
ဘဝကိုအေးအေးဆေးဆေးလေး
ဆေးကုရင်းပဲမိသားစုနဲ့အတူတူ
ဖြတ်သန်းမယ်ဆိုပြီးစဉ်းစားထားခဲ့တာ...

ဘဝသည်အထင်နဲ့အမြင်
တစ်လမ်းစီကိုကွဲကျသွားခဲ့သည်။

သူ့ဘဝထဲJeon Jung Kookစဝင်လာတဲ့နေ့...
အဲဒီ့နေ့ကတည်းကနေ့ရက်တိုင်းက
surpriseဖြစ်နေခဲ့ရတာ...
ခုဆိုဘာကိုမှပင်
မအံ့ဩတတ်တော့တဲ့အထိရိုးလွန်းသွားခဲ့ပြီ။

အဲဒီ့နေ့ကတည်းကစပြီး
Jeon Jung Kookအိမ်မှာသာနေနေခဲ့ရသည်။
"မနေချင်ရင်မောင့်အကြောင်းမင်းသိပါတယ်"
ဟူသောမထီတထီမျက်နှာပေးနဲ့
ပြောခဲ့သောစကားသည်
ခုလည်းဆံပင်တွေကို
ထပ်ပြီးထိုးဖွပစ်မိသည်အထိ။

သူများဘဝကိုအဆိပ်ခတ်ပြီး
ကိုယ်တိုင်လည်းအဆိပ်သောက်ချင်နေတဲ့ကောင်။
မုန်းဖို့ကောင်းလိုက်တာ...

𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦Where stories live. Discover now