P_35🚬

5.2K 422 31
                                    

ဆောင်းဦးရာသီရဲ့
အအေးဓာတ်အနည်းငယ်နဲ့အတူတူ
New Yorkမြို့ရဲ့အပန်းဖြေစံအိမ်ကြီးက
အငွေ့အသက်တွေနှင့်
မအိပ်ခင်ကဖြစ်ရပ်တွေသည်
ရေချိုးခန်းထောင့်မှာမှေးခနဲဖြစ်သွားသူကို
လှလှပပကြီးလာနှိပ်စက်သွားခဲ့ပြီး
နေရာတင် အိပ်နေရင်း
သတိလစ်ကျသွားခဲ့ရသည်အထိပြင်းထန်ခဲ့သည်။

ထိုပုံစံတွေ‌ကိုမိုးလင်းမှ
တွေ့သွားခဲ့သည့်သူလေးသည်
သူ့လူကိုပြေးပြီးလှုပ်နှိုးပေမဲ့
မရတော့တာ‌ကြောင့်
ပြူးတူးပြဲတဲတွေဖြစ်ခဲ့ရင်း
ကိုရီးယားကဆေးရုံအထိဖုန်းတွေဆက်ပြီး
ဆရာဝန်ခေါ်ခဲ့မိတဲ့သူက
သူ့ကိုယ်သူဆရာဝန်ဆိုတာများမေ့ခဲ့လေသလား။
သူ့ကိုယ်သူဘယ်နိုင်ငံရောက်နေသလဲဆိုတာများ
မေ့ခဲ့လေသလား။

ရေချိုးခန်းထောင့်က
သောက်လက်စစီးကရက်တွေကြားထဲ
ပျော့ခွေကျနေသောမောင့်ပုံစံကြောင့်
ဘာဆေးပညာမှမမှတ်မိတော့သလို
ခေါင်းထဲဗလာကြီးဖြစ်ခဲ့၍
သူသိခဲ့တာသူ့လူပြန်နိုးဖို့...

သူတို့ဆေးရုံကဆရာဝန်တစ်ယောက်ဆီ
ဖုန်းပြေးဆက်ပြီး ရေချိုးခန်းထဲကလူဆီ
ပြန်ပြေးမယ်အလုပ် ‌
ပြောင်းနေသောအိမ်ပုံစံကို
သတိထားမိသွားမှ သူတို့
ကိုရီးယားမှာမဟုတ်ဘူးဆိုတာကိုသိသည်။

ထိုအချိန်ကျမှ
ပြာမနေတော့ဘဲ
စိတ်ကိုအတတ်နိုင်ဆုံးထိန်းရင်း
ရေချိုးခန်းထဲကသတိလစ်နေတဲ့ကိုယ်ကြီးကို
ကုတင်ဆီမနိုင်တနိုင်ချီခေါ်ပြီး
အတတ်နိုင်ဆုံးဆရာဝန်moodပြန်သွင်း၍
ဘာဖြစ်တာလဲဆိုပြီးလိုက်စစ်ကြည့်တော့
အအေးပတ်သွားတာ....

သတိလစ်တဲ့အထိ
အအေးတွေပတ်အောင်
အဲ့နေရာသွားပြီးဘာလုပ်ပြန်ပြီလဲ
ဟူသည့်အတွေးနဲ့အတူ
မျက်ရည်တွေဝဲခနဲပေမဲ့
အမြန်ပြန်သုတ်ပစ်ကာ
သူ့လူကိုကုပေးဖို့သာပထမဖြစ်နေသည်။

ငိုတာနောက်မှငိုစမ်းPark Ji Minလို့
ကိုယ့်ကိုယ်ကိုသတိပေးရင်း
မသိတဲ့အိမ်ရဲ့ မသိတဲ့နေရာက
ဆေးပစ္စည်းတွေထွက်ရှာတုန်း
အိမ်တော်ထိန်းတွေ
အိမ်အကူတွေရှိနေသည်မို့
တော်သွားသေးခဲ့သည်။

နင့်မို့ဆိုသူတစ်ယောက်တည်း
မရင်းနှီးမကျွမ်းဝင်တဲ့နေရာမှာ
ဖရိုဖရဲဖြစ်လိုက်မယ့်ဖြစ်ခြင်းတွေကို
ဆရာဝန်လေးမတွေးရဲခဲ့ပါဘူး။

𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦Where stories live. Discover now