P_38🚬

5.8K 448 40
                                    

ညားသွားပြီမို့လို့....
ညားခါစလေးမို့လို့....

မနက်ခင်းလှလှလေးမှာသူ့အပိုင်လေးနဲ့
တီတီတာတာလေးတွေလုပ်ချင်နေပေမဲ့
စီးကရက်လေးမလုပ်အားသေး။

ညကသောက်ထားတဲ့အရှိန်မသေဘဲ
ခေါင်းတစ်ခုလုံး
ပေါက်ထွက်တော့မလိုတွေဖြစ်နေတာကြောင့်
ရေချိုးနေတဲ့သူ့အပိုင်လေးကိုစောင့်‌နေရင်း
ကုတင်ခေါင်းရင်းကိုမှီထိုင်ပြီး
ခေါင်းကိုက်တာကိုအံကြိတ်သည်းခံနေရသည်။

ကလေးလေးနဲ့တွေ့ပြီး
နောက်ပိုင်းကတည်းကလွန်လွန်ကျွံကျွံတွေ
မသောက်ဖြစ်တော့တာ...

မနေ့ကပြန်သောက်မိသောပမာဏသည်
ကုတင်ပေါ်မှီထိုင်နေရင်းကပင်
ပစ်ပစ်လဲချင်မိသည်အထိ။

ကုတင်ခေါင်းရင်းနဲ့ခေါင်းနဲ့တိုက်လည်းကိုက်တုန်း
နားထင်ကိုဖိလည်းကိုက်တုန်း
ခေါင်းကိုပိတ်ရိုက်လည်းကိုက်တုန်း
ဘာလုပ်လုပ်မပျောက်ပဲပိုပိုဆိုးလာတော့
ကိုယ့်ခေါင်းကိုယ်ဒေါသတွေထွက်လာရသည်။

ဒီခေါင်းမဟုတ်တော့ဘူး။
ကလေးလေးကုပေးမှပျောက်တော့မှာ...

-"မောင် ရေချိုးတော့မယ်ဆို ရပြီနော်"

ခေါင်းကိုက်တာကိုအံကြိတ်ပြီး
စုံမှိတ်‌သည်းခံနေတုန်း
ကြားလိုက်ရသည့်အသံလေးမှာ
မှိတ်ထားသည့်မျက်ဝန်းတွေချက်ချင်းဖျက်ခနဲ။

ရှပ်အင်္ကျီအဖြူလေးကို
ဘောင်းဘီအပွလေးနဲ့တွဲဝတ်ထားတဲ့
သူ့နတ်သားလေးကိုမြင်လိုက်ရတာကြောင့်
ခေါင်းကိုက်နေရင်းအသဲယားရပြန်ပြီ။

-"မောင့်ဆီလာပါဦး...."

ခြေထောက်ဆင်းထိုင်နေရင်း
ပေါင်ပေါ်ကိုပုတ်ပြပြီးလာဖို့ပြောလိုက်တော့
ချက်ချင်းမလာ‌သေးဘဲ
တရွေ့တရွေ့ချင်းလာနေတာလေးက
ပြေးချီပြီးဖျစ်ညှစ်ပစ်ချင်စရာမျိုး...

အနားရောက်မှဆွဲညှစ်ပစ်ဖို့တွေးရင်း
အံတကြိတ်ကြိတ်အသဲယားနေရသည်။

-"လာ မောင့်ပေါင်ပေါ်တက်..."

-"မောင် ရေမချိုးသေးဘူးလား"

-"ဘာလဲ မောင့်ကိုရွံလို့လား"

စကားဆုံးတာနဲ့ပေါင်ပေါ်ကိုဆက်ခနဲ
ကောက်တက်လာတဲ့ကိုယ်လုံးလေးက
အလောတကြီးနဲ့...

𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦Where stories live. Discover now