ဆရာဝန်သည်Jeonရဲ့
အသည်းအသန်နမ်းရှိုက်မှုမှာ
ညကသနားမိခဲ့သောစိတ်တွေ
ပျောက်ကုန်ပြန်သည်။နမ်းပြီးရီဝေဝေစိုက်ကြည့်နေသည့်
မျက်ဝန်းတွေသည်
ဘယ်ဘဝကဆုတောင်းများလဲ။
ဆရာဝန်ထိုအကြည့်တွေကြား
တစ်ချက်မျောသွားပေမဲ့
အတင်းပြန်ထကာအောက်ထပ်ကို
ဆင်းပြေးသွားခဲ့သည်။တရားဝင်အနမ်းတဲ့လား။
ဟာသပဲ....
သနားဖို့မတန်တဲ့ကောင်....နှုတ်ခမ်းတွေကိုရေတွေနဲ့
သေချာပွတ်ဆေးနေကာ
မျက်နှာတွေပါသစ်နေသည်။မျက်နှာတွေကိုရေတွေနဲ့
အတင်းပွတ်ဆေးနေပုံအရ
ဆရာဝန်ပေါက်ကွဲနေပြီထင်ပါရဲ့။
နီရဲနေသောမျက်နှာသည်ရှက်တာများလား။
ဒေါသထွက်နေတာလား။ခန့်မှန်းမရနိုင်ခဲ့ဘူး။မှန်ထဲကြည့်ကာတောက်တစ်ချက်
ပြင်းထန်စွာခေါက်လိုက်၍
ဘာများဝင်ပူးသွားသလဲ။
နူးနူးညံ့ညံ့လေးသည်Jeonရဲ့လှုပ်ခတ်ပစ်မှုမှာ
ကြမ်းကြမ်းတမ်းတမ်းတွေဖြစ်ကုန်သည်။အတင်းအကျပ်တွေဆို
သေအောင်မုန်းတဲ့ငါ့ကိုမှလာပြီး.....-"သနားမိတဲ့ငါပဲမှားတာ!"
အတွေးခပ်စိတ်စိတ်ဖြင့်အတူ
မှန်ထဲကကိုယ့်ပုံရိပ်ကိုယ်အပြစ်တင်ရင်း
ခြေလှမ်းတွေသည်အပေါ်ထပ်တွေဆီ
ပြန်ဦးတည်သည်။ဒီလိုကောင်နဲ့သေတောင်မပတ်သက်တော့ဘူး။
မှတ်သွားပြီ။ ဒီတစ်ခါတော့တကယ်မှတ်သွားပြီ။လူကိုအသားယူဖို့၊
မိုက်ရိုင်းဖို့လောက်ပဲသိတဲ့ကောင်....
နမ်းနေရင်းဘောင်းဘီဆီအထိ
ကျူးကျော်လာတဲ့လက်တွေအကြောင်း
ပြန်တွေးမိသွားသည့်အခါ
ချက်ချင်းလဲသေပစ်ချင်လာသည်။အခန်းတံခါးကိုဝုန်းခနဲဖွင့်ကာဝင်သွားတော့
Jeon Jung Kookသည်ရှိမနေတော့။အခန်းထဲလိုက်ပတ်ရှာနေရင်းတွေ့တာနဲ့
အိမ်ကနေအခုချက်ချင်း
ထွက်သွားလို့ပြောဖို့ပြင်ခဲ့ပေမဲ့....
သူလုပ်တာမဟုတ်ဘဲအခန်းတံခါးဆီမှ
နောက်ထပ်ဝုန်းခနဲအသံထပ်ထွက်လာတာကြောင့်
လှည့်ကြည့်လိုက်မိတော့
အခန်းတံခါးကိုပိတ်ပြီးရပ်နေသည့်
အကျင့်တစက်မှမကောင်းတဲ့ကောင်....
YOU ARE READING
𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦